စိုင်းစိုင်းကို အနုပညာရှင်မဟုတ်ဘူးလို့ ပြောရင် မျက်စိလည်သွားကြမှာပါပဲ ...

ဘာကြောင့်လဲဆိုတော့ စိုင်းစိုင်းဟာ ဂီတလောကမှာ အောင်မြင်မှုသက်တမ်းကြာရှည်နေပြီဖြစ်တဲ့သူတစ်ဦးဖြစ်နေလို့ပါ ...

သို့ပေမယ့် တကယ်တမ်းသေချာလေ့လာကြည့်တဲ့ အခါမှာတော့ စိုင်းစိုင်းဟာ အနုပညာကို အခြေခံတဲ့ စီးပွားရေးလုပ်ငန်းကြီးတစ်ခုကို စလုပ်ခဲ့သော စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဆိုတာ မူရင်းစာရေးသူက သုံးသပ်ပြထားတာကို မျှဝေပေးလိုက်ပါတယ် ။

စိုငး်စိုင်းသည် အနုပညာရှင်မဟုတ်ဘူး။ အနုပညာကို အခြေခံတဲ့ စီးပွားရေးလုပ်ငန်းကြီးတစ်ခုကို စလုပ်ခဲ့သော စီးပွားရေးလုပ်ငန်းရှင်။

ဘာကြောင့်လဲဆိုတာ ပြောပြမယ်။

၁။ စစချင်း Pop အခွေ စထုတ်တယ်။ သူ့အသံမကောင်းဘူး။ မအောင်မြင်နိုင်မှန်းသိတော့ ဇွတ်တရွတ် ဆက်မလုပ်ဘူး။ Trending ဖြစ်လာနေတဲ့ Rap ဘက်ကို ကူးတယ်။

.

၂။ Rap ကို ကူးတဲ့အချိန်မှာ ဆရာသမားက Market ကို Analyse လုပ်တယ်။ သူ Acid အခွေမှာ စစချင်း featuring ဝင်ဆိုတဲ့ သီချင်းဟာ Hip Hop စစ်စစ်။ သူလုပ်မယ်ဆို ဆက်လုပ်နို်င်တဲ့ (ဆက်ကူးချနိုင်တဲ့) Capacity ရှိတယ်။ သို့သော် feedback တွေအရ လူကြီးတွေနဲ့ ကောင်မလေး အများစု မကြိုက်ဘူးဆိုတာ သူသွားတွေ့တယ်။ သည်တော့ သီချင်းလောကရဲ့ ရာခိုင်နှုန်းအတော်များများကို သိမ်းပိုက်မယ့် Niche Market - teenage girls တွေ ကြိုက်မယ့် သီချင်းတွေ ပြောင်းထုတ်တယ်။

.

၃။ အခွေတွေ ဆက်ထုတ်လေလေ... ဘဲတွေ အမြင်ကပ်ပြီး ဆော်ကြည်လေပဲ။ ဒါကို သူကောင်းကောင်း အသုံးချတယ်။ self promotion လုပ်တဲ့အခါတိုင်း teenage girl တွေကို target ထားပြီး လုပ်တယ်။ ဘဲတွေ ကြိုက်အောင် ကြိုးစားမနေဘူး။ သူ့ရဲ့ Strength နဲ့ Weakness ကို သူကောင်းကောင်းသိတယ်။

.

၄။ အတိုင်းတာတစ်ခုထိ နာမည်ရလာတဲ့ အချိန်မှာ Emperor စထောင်တယ်။ သူ့အခွေတွေထဲကို တက်သစ်စ အလားအလာရှိတဲ့ အဆိုတော်တွေအကုန် (Rapper ဖြစ်ဖြစ် Rocker ဖြစ်ဖြစ်) ဆွဲခေါ်ပြီး ဆိုခိုင်းတယ်။ ဆိုတော့... သူ့ကို မကြိုက်ရင်တောင် featuring ဆိုတဲ့လူကို ကြိုက်လို့ နားထောင်ဖြစ်တယ်။ အဲဒီမှာတင် networking အကြီးကြီး သူ create စလုပ်ထားတယ်။ တစ်ချိ်န်တည်းမှာ Competitor ဖြစ်လာနိုင်တဲ့သူတွေကို Ally လုပ်ထားတာလဲ ဖြစ်တယ်။

.

၅။ တော်တော် အခြေခိုင်လာတဲ့အချိ်န်မှာ Birthday Show ဆိုတဲ့ Product တစ်ခုကို စ launch လုပ်တယ်။ ဒါသည် နှစ်စဉ်နှစ်တိုင်း teenage girl တွေဆီက ပိုက်ဆံသိမ်းကြုံးယူတဲ့ ပွဲတစ်ခုပဲ။ ကောင်မလေးတွေ သွားချင်ရင် မလိုက်ချင်တဲ့ ဘဲတွေလဲ တရွတ်တိုက်ပါလာတတ်တယ်ဆိုတာ သူသိထားတယ်။ Birthday Show product line သည် success ဖြစ်တယ်။

.

၆။ Frenzo Production ကို establish လုပ်တယ်။ ဒါသည် နိုင်ငံတကာက အဆိုတော်ကြီးတွေ retire လုပ်ရင် သွားနေကျ လမ်းကြောင်းပဲ။ သူကဘာ advantage ယူလိုက်လဲဆိုတော့ သူ့အခွေထဲ featuring ခေါ်ဆိုပြီး တင်ထားပေးတဲ့ အဆိုတော်တွေရော၊ သူ့ကို ကြည့်ရရ မရရ အခွေထုတ်ဖို့ ခက်ခဲနေတဲ့ အဆိုတော်တွေရော အားလုံးကို produce လုပ်ပေးတယ်။ ပြီးတော့ အခွေတိုင်းမှာ သူ တစ်ပုဒ် featuring ဝင်ဆိုတယ်။ ဒါသည် Target တော်တေ်ာများများကို ထိတဲ့ move တစ်ခုဖြစ်တယ်။ အဆိုတော်တော်တော်များများရဲ့ "ဆရာ" လဲ ဖြစ်သွားတယ်။

.

၇။ Birthday Show တိုင်းမှာ ခုနက သူတင်ပေး၊ ထုတ်ထားပေးတဲ့ အဆိုတော်တွေ အားလုံးကို ပြန်ခေါ်တယ်။ စိုင်းစိုင်း အခွေသစ်ထွက်သည် ဖြစ်စေ မထွက်သည်ဖြစ်စေ၊ စောစောက အဆိုတော်တွေသည် အခွေသစ်တွေ ထွက်ပြီး သူ့ပရိတ်သတ်နဲ့သူ ပေါက်နေတဲ့သူတွေ ဖြစ်တယ်။ သည်တော့ စိုင်းစိုင်း ပရိတ်သတ် အပြင် သူတင်ပေးထားတဲ့ အဆိုတော် ပရိတ်သတ်တွေပါ လာကြတယ်။ ဒါ အကြီးကြီး Win တာ။ ဘုတ်ပဲထောင်ထောင် ဘယ်မှာပဲ ကြော်ငြာကြော်ငြာ လက်ရှိပေါက်နေတဲ့ အဆိုတော်နာမည်နဲ့ ရုပ်ပုံပါလာတယ်။ လူတွေ attention ရတယ်။

.

၈။ Frenzo Production သည် Music တစ်ခုတည်းသာမက Movie Production ဘက်ကိုပါ ခြေဆန့်ထားတယ်။ တလောကပဲ Bangkok to Mandalay ဆိုတဲ့ ပြည်တွင်း၊ ပြည်ပ Collaboration တွေ အများကြီး ပါတဲ့ ရုပ်ရှင်တစ်ကားထွက်လာတယ်။ အုတ်သြော်သောင်းနင်းဖြစ်ပြီး Qualify ဖြစ်တဲ့ ရုပ်ရှင်တစ်ကားအဖြစ် အသိမှတ် ပြုခံရတယ်။

.

၉။ Frenzo Production သည် ရေရှည်တည် မတည် မသေချာဘူး။ သည်တော့ ခုနက သူ build လုပ်ထားတဲ့ teenage girl market ကို ပြန် target လုပ်ဖို့ SAI cosmetics ကို introduce လုပ်တယ်။ quality ကောင်းတာ မကောင်းတာ... တကယ် လှတာမလှတာ ဘယ်သူမှ မသိသေးခင် ဝယ်ကို ဝယ်မယ်ဆိုတဲ့လူတွေ ပုံနေပြီ။ ဒါ Marketing အရမ်းတော်တာ။

.

၁၀။ နောက်ဆုံးအနေနဲ့ကတော့ decline stage ရောက်နေပြီဖြစ်တဲ့ Birthday Show ကို ခံသာအောင် ဖြည်းဖြည်းချင်းဆွဲချတယ်။ ချက်ချင်းကြီး မရပ်လိုက်ဘူး။ Competitor ဖြစ်တဲ့ EDM Festival တွေနဲ့ head to head ယှဉ်မ fight ပဲ Demand ရှိသေးတဲ့ Mandalay လိုနေရာမှာ သွားလုပ်တယ်။ ရသလောက် ပိုက်ဆံလေးကို ယူသွားသေးတယ်။ ကံကောင်းရင် Audience ပြန်ရပြီး Product Modification နည်းနည်းပါးပါး ထပ်လုပ်လိုက်ရင် နောက်ထပ် ၄ - ၅ နှစ် အသက်ဆက်ချင် ဆက်နိုင်သေးတယ်။

ဆိုတော့ နောက် တစ်နှစ် နှစ်နှစ်လောက်မှာ စိုင်းစိုင်းဆီက ဘာ Product အသစ်တွေ ထွက်လာဦးမယ် ဘယ်သူမှ မသိနိုင်ဘူး။ သူ့ Plan ထဲမှာတော့ ရှိနေပြီးပြီဆိုတာ သေချာတယ်။

ပြောပါတယ်... စိုင်းစိုင်းသည် အစကတည်းက စီးပွားရေးလုပ်ငန်းရှင်ပါလို့။

မူရင်းရေးသားသူ : Khun Thi Ha

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။