မနေ့ညကယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ဂန္တဝင်အသင်းနဲ့ဘိုင်ယန်မြူးနစ်ဂန္တဝင်အသင်းတို့ပွဲစဉ်မှာတော့မန်ချက်စတာယူနိုက်တက်အသင်းက(၅-ဝ)နဲ့အနိုင်ရခဲ့ပါတယ်။ဒီပွဲစဉ်ကတော့၁၉၉၀-၁၉၉၂ ဖလား၃လုံးချန်ပီယံဖြစ်ခဲ့တဲ့ကစားသမားတွေအကုန်နီးပါးပါဝင်လာခဲ့ပြီးဂန္တဝင်နည်းပြကြီးဖာဂူဆန်ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာတော့နာမည်ကျော်ဒေးဗစ်ဘက်ခမ်း၊ဆိုးလ်ရှားတို့အပြင်နာမည်ကြီးကစားသမားတွေအများဆုံးနဲ့ပွဲကောင်းတစ်ပွဲဖြစ်ခဲ့တာပါ။မန်ချက်စတာယူနိုက်တက်ကစားသမားတွေဟာဒီပွဲမှာအသက်တွေသာကြီးခဲ့ပေမယ့်စကေးတွေကတော့အကောင်းဆုံးအနေထားမှာရှိခဲ့တယ်ဆိုတာသက်သေပြနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီပွဲရဲ့အဖွင့်ဂိုးကိုတော့ခုလက်ရှိမန်ယူအသင်းကိုကိုင်တွယ်နေတဲ့နည်းပြဆိုးလ်ရှားကပဲအကောင်းဆုံးသွင်းယူခဲ့တာပါ။ဒီပွဲရဲ့သွင်းဂိုးတွေကိုတော့နာမည်ကျော်ကစားသမားတွေအများဆုံးသွင်းခဲ့ပြီးဒေးဗစ်ဘက်ခမ်းကလည်းတစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။ပွဲတောက်လျောက်လုံးမှာမန်ယူအသင်းကပဲဖိအားပေးကစားခဲ့ပြီးပွဲအပြီးမှာတော့မန်ချက်စတာယူနိုက်တက်အသင်းကဘိုင်ယန်မြူးနစ်အသင်းကို(၅-ဝ)နဲ့အနိုင်ရသွားခဲ့တာကိုတင်ဆက်ပေးရင်းပရိသတ်တွေအတွက်လည်း Highlight Video လေးကိုတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:Football Highlights

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။