ပျင်းရိခြောက်ကပ်လွန်းတယ်လို့ ဝေဖန်ခံနေရပေမယ့် သူ့ကိုကြည့်ပြီး လူတိုင်းပျော်ခဲ့တာတော့အမှန်ပဲ။ သင်္ကြန်အကြိုနေ့မနက်ပိုင်းက မြို့တော်ဝန်မဏ္ဍပ်မှာ ဖျော်ဖြေပွဲတစ်ချို့အပြီး ခြောက်ကပ်ကပ်ဖြစ်တယ်လို့ ဝေဖန်ခံခဲ့ရပေမယ့် ဒီလူကြောင့် မြို့တော်ဝန်မဏ္ဍပ်ရှေ့ ခဏတာ စည်ကားခဲ့တာအမှန်ပါပဲ။

လူမှုကွန်ယက်မှာပျံ့နေတဲ့ Duwun သတင်းဌာနကနေ တင်ခဲ့တဲ့ အဆိုပါ Video မှာတော့ ထိုသူဟာ သီချင်းသံစဉ်နဲ့အညီ မြန်မာအကကော၊ အနောက်တိုင်းအက၊ နောက်ပြန်ဂျွမ်းပစ်တာထိပါ ကပြဖျော်ဖြေနေတာကိုတွေ့ရမှာပါ။

အဆိုပါလူကို လူများက ဓာတ်ပုံဝိုင်းရိုက်ကြပြီး အချို့သူတွေက သဘောကျကာငွေသားစုချီးမြှင့်ခဲ့တာကိုတွေ့ရပါတယ်။ တစ်ချို့တွေကလဲ အဆိုပါလူမှာ အရင်တုန်းကလဲ ဒီလိုလူကြားထဲမှာ ကပြဖျော်ဖြေဖူးတာတွေဖြစ်ကြောင်း ဝေမျှပြောဆိုခဲ့ပါတယ်။

Source : Duwun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။