ပရိသတ်ကြီးကို ဒီတစ်ခေါက်ဖော်ပြပေးမှာကတော့ တရုတ်နိုင်ငံမှာ ကျင်းပတဲ့ ငရုတ်သီးစားတဲ့ ပြိုင်ပွဲလေးအကြောင်းပဲ ဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့ နာမည်ကိုကြားလိုက်တာနဲ့ လူတော်တော်များများက ပြိုင်ဖို့ ဝန်လေးသွားကြသလို အသံကြားတာနဲ့တင် အစပ်ကြောက်တတ်တဲ့သူတွေ အဖို့ ပူစပ်ပူလောင်ဖြစ်မှာကို ကြိုမြင်နေတဲ့သူတွေလည်း ရှိကြမှာပါ။ ဒါပေမယ့်လည်း ပူစပ်တယ်ဆိုတာ ဂျိုနဲ့လားလို့ မေးရလောက်အောင် အစပ်ကြိုက်တဲ့ သူတွေအဖို့တော့ ဒီပွဲတော်ဟာ တစ်ကယ့်ကို ပျော်စရာကြီးဖြစ်မှာ သေချာပါတယ်။  

တရုတ်နိုင်ငံမှာ ကျင်းပတဲ့ ဒီပွဲတော်ဟာဆိုရင် တော်ရုံလူတွေ လာမပြိုင်ရဲကြတာမို့ ဆုကြေးကို မြိုးမြိုးမြက်မြက်ပေးထားပြီး အနိုင်ရရှိသူဟာ ရွှေ ၂၄ကာရက်အလေးချိန်ရှိတဲ့ ရွှေဒင်္ဂါးတွေကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။ အခု သူတို့ ဘယ်လို ယှဉ်ပြိုင်ရမလဲဆိုတာကို ပရိသတ်ကြီးမြင်သာစေရန် ပြောပြချင်ပါတယ်။ ပုံထဲမှာမြင်ရတဲ့အတိုင်း ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့်သူတွေဟာ ငရုတ်ခင်းကြီးလိုမျိုး ငရုတ်သီးတွေ ပုံထားတဲ့ အလယ်မှာ ထိုင်ရပြီး သတ်မှတ်ထားတဲ့အချိန်အတွင်း ငရုတ်သီး အတောင့် ၅၀ကို စားရမှာပဲ ဖြစ်ပါတယ်။  

တစ်ကယ်လို့ သတ်မှတ်ချိန်အတွင်း မစားနိုင်ဘူးလို့ ထင်ရင်လည်း အရှုံးပေးလိုက်လို့ရပါတယ်။ ပြိုင်ပွဲကျင်းပခဲ့တဲ့ သက်တမ်းတစ်လျှောက် စံချိန်တင်ထားနိုင်တဲ့ အမျိုးသားကတော့ Tang Shuaihui ဆိုသူဖြစ်ပြီး ၆၈စက္ကန့်အတွင်း ငရုတ်သီးအတောင့် ၅၀ကိုစားပြခဲ့တာပဲ ဖြစ်ပါတယ်။ သူ့စံချိန်ကို ဒီနေ့အထိ ဘယ်သူမှ လိုက်မမှီနိုင်ကြသေးလူးလို့လည်း သိရပါတယ်။ ဒီလိုမျိုး ငရုတ်သီးကို အပြိုင်စားရတဲ့ ပြိုင်ပွဲတွေဟာ တရုတ်နိုင်ငံမှာသာမက ကမ္ဘာအနှံ့မှာပါ ကျင်းပလျက်ရှိကြပြီး အစပ်အရသာကို တမ်းတမ်းစွဲ ကြိုက်သူများအတွက်တော့ တစ်ကယ့်ကို ပျော်စရာပွဲတော်ကြီး ဖြစ်မှာ အသေအချာပါပဲ ဗျာ...

Source : Brain berries 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။