ထိုင်း လိဂ်၁ အသင်း တစ်သင်းဖြစ်သည့် Ratchaburi Mitr Phol အသင်းသို့ အငှါးသွားရောက်ကစားနေသည့် မြန်မာလက်ရွေးစင်ကစားသမားသိန်းသန်းဝင်းကတော့ခုမှာအသင်းနဲ့စာချုပ်ဖျက်သိမ်းပြီးမြန်မာနိုင်ငံကိုပြန်လာတော့မှာဖြစ်ပါတယ်။သိန်းသန်းဝင်းကတော့ဒီနှစ်ရာသီမှထိုင်းပရီးမီးယားလိဒ်ကိုပြောင်းရွေ့သွားတာဖြစ်ပြီးအသင်းမှာပွဲထွက်ခွင့်မရတာအပြင်လူငယ်အသင်းမှာပါကစားနေရတာကြောင့်ခုလိုနှစ်ဘက်သဘောတူစာချုပ်ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။

ခုမှာတော့ MPT Myanmar National League 2019 လက်ကျန် ရာသီဝက်အတွက် ပြင်ဆင်မှုများပြုလုပ်နေသည့် ရတနာပုံအက်ဖ်စီ အသင်းသည် ထိုင်း လိဂ်၁ ကလပ် ရက်ချာဘူရီ အသင်းသို့ အငှားဖြင့် သွားရောက်ကစားနေသည့် နောက်ခံလူ သိန်းသန်းဝင်းအား ပြန်လည်ခေါ်ယူခဲပြီဖြစ်ပါတယ်။ရတနာပုံအသင်းကတော့သူတို့ရဲ့ကစားသမားကောင်းတစ်ယောက်ကိုဒုတိယအကျော့ပွဲစဉ်တွေမှာရလဒ်ကောင်းဖို့ပြန်လည်ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဒီနှစ်ဘောလုံးရာသီထိုင်းပရီးမီးယားလဒ်မှာမြန်မာကစားသမားတွေအများအပြားထွက်ကစားခဲ့ကြပေမယ့်ကစားသမားတော်တော်များများကနေရာရဖို့ရုန်းကန်နေရတာပါ။နာမည်ကျော်ကစားသမားအောင်သူလည်းပွဲထွက်ခွင်မရတာကြောင့်အသင်းပြောင်းရွေ့ဖို့သတင်းထွက်နေပြီးမိခင်ရတနာပုံအသင်းကလည်းပြန်ခေါ်ယူဖို့အသင်းတွေထွက်နေတာပါ။

SOURCE:Thein Than Win

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။