Miss Universe ပုသိမ်သူလေးကို ရွေးလိုက်တဲ့ စိုင်းစိုင်း

စိုင်းစိုင်းက Miss Universe ပြိုင်ပွဲဝင်သူတွေ ထဲကမှ ပုသိမ်သူလေးကို MTV ရိုက်ဖို့ရွေးထားတယ်လို့ သိရပါတယ်။ Miss Universe Pathein မေကဗျာဦး acc မှာတော့ အခုလိုစိုင်းစိုင်း ရွေးချယ်ထားတာကို ပြောပြထားပါတယ်။

မင်္ဂလာပါရှင်

ပထမဦးဆုံးအနေနဲ့ ညီမကို အားပေးခဲ့ကြတဲ့သူတွေအကုန်လုံးကို ကျေးဇူးအရမ်းတင်ပါတယ်ရှင့်

အားပေးခဲ့တဲ့ အတိုင်း မရယူနိုင်ခဲ့လို့တော့ တောင်းပန်ပါတယ်ရှင်

miss photogenic ဆုကိုတော့ရရှိခဲ့ပါတယ်ရှင်

နောက်တစ်ခုဝမ်းသာစရာတစ်ခုကတော့ Ko Sai က ပွဲနေ့မတိုင်ခင် final night မှာ သူ့နှုတ်ခမ်းနီတွေ လက်ဆောင်ပေးရင်း MTV အတွက် စိတ်ကြိုက်တစ်ယောက် ရွေးချယ်မယ်လို့ သိခဲ့ရပါတယ်ရှင့်

ဒီည ညီမမထင်ခဲ့ဘူးပေါ့နော်

ပြိုင်ပွဲဝင်တွေက Sai က ပုသိမ်သူကို သဘောကျတယ် ပြောသံကြားတယ် ဆိုပြီး ပြန်လာပြောနေကြတော့ မနောက်ကြပါနဲ့ဆိုပြီး ပြန်ပြောခဲ့သေးတယ်

အခု Sai က ပုသိမ်သူ ကို သူကိုယ်တိုင်လိုက်ရှာပြီး သူကိုယ်တိုင်လာပြောတော့ ညီမ တစ်ကယ် မယုံနိုင်ခဲ့ပါဘူးရှင်

ညီမကိုရွေးချယ်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်ရှင်

ညီမကိုအရမ်းလှတယ်ပြောလိုလည်း့ ကျေးဇူးပါရှင်

ရိုက်တော့မယ်ဆိုရင် ညီမပြန်ပြောပါ့မယ်ရှင်

ကျေးဇူးတင်ပါတယ်

အော် ဒါနဲ့ Sai နှုတ်ခမ်းနီ အရမ်းကောင်းတယ်သိလားလို့ သူ့facebook မှာတင်ခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။