ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့က ရုရှားအစိုးရဟာ နျူကလီးယားစွမ်းအင်သုံး သင်္ဘောတစီးကို မိတ်ဆက်ပြသခဲ့တယ်လို့သိရပါတယ်။

၎င်းသင်္ဘောဟာ ရေပြင်ပေါ်မှာသာမက ရေခဲပြင်ကိုပါ ခွဲပြီးမောင်းနှင်နိုင်တဲ့ သဘောၤတစီးဖြစ်တယ်လို့ ဖြစ်တယ်လို့ သိရပါတယ်။

၎င်းသဘောၤကြီးရဲ့နာမည်ကတော့ The Ural ဖြစ်ပြီး ၎င်းသင်္ဘောဟာ ၃ မီတာထူတဲ့ ရေထုကို ခွဲထုတ်ပြီးမောင်းနှင်နိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၎င်းသဘောၤ ယူရယ်ဟာ ကမ္ဘာ့အကြီးမားဆုံးနဲ့ အင်းအားအကြီးဆုံး ရေခဲခွဲသဘောၤ ၃ စီးထဲမှာ ၁ စီးအပါအဝင်ဖြစ်လာတယ်လို့ သိရပါတယ်။

ရုရှားအစိုးရကတော့ ၎င်းသဘောၤကြီးကို လာမယ့် ၂၀၂၂ ခုနှစ်မှာ ရုရှားအစိုးရပိုင် နျူကလီးယား စွမ်းအင်ကော်ပိုရေးရှင်း ရှိုဆာတွန်ဆီ လွှဲပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရုရှားနိုင်ငံဟာ ရာသီဥတု ပူနွေးလာတာနဲ့အမျှ မြောက်ပင်လယ် လမ်းကြောင်းမှာ ယာဉ်ကြော ထူထပ်လာဖို့ အသင့်ဖြစ်ရေး ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ နိုင်ငံအတွင်းက ဆိပ်ကမ်းတွေကို ပြင်ဆင်နေပြီး အခြေခံအဆောက်အဦးတွေကိုလည်း ထပ်မံတည်ဆောက်နေတယ်လို့ သိရပါတယ်။

source - CGTN 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။