ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့က လစ်ဗျားနိုင်ငံအတွင်းမှာ တိုက်ပွဲတွေ ဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။

၎င်းတိုက်ပွဲတွေကတော့ နိုင်ငံအရှေ့ပိုင်းမှာ တပ်စွဲထားတဲ့ စစ်ဦးချုပ် ခါလီဖာဟဲ့ဖ် ရဲ့ လစ်ဗျားအမျိုးသားတစ်မတော် ( LNA ) ကို လစ်ဗျားအစိုးရက တန်ပြန်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေပဲဖြစ်ပါတယ်။

လစ်ဗျားနိုင်ငံကတော့ အာဏာရှင် မွမ်မာ ကဒါဖီကို ၂၀၁၁ ခုနှစ်ကဖယ်ရှားပြီးထဲက နိုင်ငံအတွင်းမှာ မင်းမဲ့စရိုက်ဆန်ဆန်လုပ်ရပ်တွေ ကြီးစိုးလာခဲ့တာပဲဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ပွဲတွေဟာဆိုရင်လည်း ပြီးခဲ့တဲ့ ဧပြီလအစောပိုင်းကစတင်ပြီး အရင်ကထက်ပိုမို ပြင်းထန်လာခဲ့တာတွေ့ရပါတယ်။

လက်ရှိအချိန်မှာဆိုရင်လည်း နိုင်ငံအတွင်းမှာ စစ်ပွဲတွေကြောင့် လူပေါင်းသောင်းနဲ့ချီ အိုးအိမ်တွေကို စွန့်ခွာပြီး ထွက်ပြေးနေရပါတယ်။

ဒါ့အပြင် ပြည်သူတွေနေထိုင်ရာ ဆင်ခြေဖုံးရပ်ကွက်တွေက အိုးအိမ်တွေတော်တော်များများဟာဆိုရင်လည်း စစ်ပွဲတွေကြောင့် ရစရာမရှိအောင် ပျက်စီးခဲ့ရတယ်လို့ လည်းသိရပါတယ်။

source - euronews 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။