မနေ့က မေလ ၂၆ ရက်နေ့ မနက်ပိုင်းမှာတော့ ပီရူးနိုင်ငံအတွင်းမှာ ငလျင်လှုပ်ခတ်မှုတစ်ခုဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။

၎င်းငလျင်ကတော့ ပြင်းအား ရစ်ချတာစကေး ၈ အထိရှိတဲ့ စွမ်းအားပြင်း ငလျင်ကြီးတစ်ခုဖြစ်ပြီး မနေ့က မနက်ပိုင်းမှာ လှုပ်ခတ်ခဲ့တာပဲဖြစ်ပါတယ်။

၎င်းငလျင်ဟာဆိုရင် နိုင်ငံနောက်ပိုင်းကို ဗဟိုပြုလှုပ်ခတ်တာဆိုပေမယ့် အနက်က အသင့်တင့်တိမ်တဲ့အတွက် နေရာတော်တော်များများက ခံစားခဲ့ရတယ်လို့သိရပါတယ်။

ဒါ့အပြင် ၎င်း ငလျင်ကြောင့် သူ ၁ ဦးသေဆုံးခဲ့ပြီး ၁၁ ဦးလောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကနဦးသတင်းများအရ သိရပါတယ်။

သို့ပေမယ့် မနေ့က ညပိုင်းအထိတော့ ထိခိုက်သေဆုံမှုနဲ့ အပျက်အစီးတွေစားရင်းကို တိတိကျကျ ထုတ်ပြန်ကြေညာထားတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

တချို့သူတွေကတော့ အနက်တိမ်တဲ့အတွက် မျက်နှာပြင်အပျက်အစီးနည်းမယ်လို့ ခန့်မှန်းထားကြကြောင်း သိရပါတယ်။

source - Independent

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။