ပရိသတ်တွေစိတ်အဝင်စားဆုံးဖြစ်တဲ့ဥရောပထိပ်သီးဘောလုံးလိဒ်တွေကတော့ပြီးဆုံးသွားခဲ့ပါပြီ။နောက်ဆုံးပွဲတွေအနေနဲ့ဥရောပရဲ့ဂုဏ်အရှိဆုံးပွဲလို့ဆိုရမယ့်ယူရိုပါလိဒ်ဗိုလ်လုပွဲ၊ချန်ပီယံလိဒ်ဗိုလ်လုပွဲတွေသာကျန်တော့တာပါ။ဘောလုံးပွဲတွေပြီးတာနဲ့အသင်းတွေဟာထွက်ခွာတော့မယ့်ကစားသမားတွေနေရာမှာအစားထိုးဖို့ကစားသမားတွေရှာနေကြပြီဖြစ်ပါတယ်။

ဒီနှစ်ဘောလုံးရာသီကလည်းဝမ်းနည်းမှုတွေအပြည့်နဲ့ပဲပရိသတ်တွေကိုခွဲခွာကြဦးမှာဖြစ်ပါတယ်။ဒီနှစ်ဘောလုံးရာသီအပြီးမှာတော့ဘောလုံးလောကမှာယနေ့အချိန်ထိတိုင်အောင်မြင်နေကြတဲ့ကစားသမားကြီးတွေကတော့ဘောလုံးလောကမှအနားယူတော့မှာဖြစ်ပါတယ်။သူတို့ကတော့လက်ရှိအချိန်ထိခြေစွမ်းကောင်းတွေပိုင်ဆိုင်ပေမယ့်အကြောင်းအမျိုးမျိုးကြောင့်အနားယူတော့မှာပါ။

ခုလိုအနားယူတော့မယ့်ကစားသမားတွေကတော့ ပီတာဆက်ချ်၊ ဗန်ပါစီ၊ကာဆီးလပ်စ်၊ ဒီရော့ဆီ၊ရော်ဘင်နဲ့ရီဘာရီတို့ပဲဖြစ်ပါတယ်။အဆိုပါကစားသမားတွေကတော့တစ်ချိန်ကအောင်မြင်ကျော်ကြားခဲ့တဲ့ကြယ်ပွင့်လေးတွေဖြစ်ခဲ့ပြီးခုမှာတော့ကြွေလွင့်တော့မှာဖြစ်ပါတယ်။တစ်ချိန်မှာပြန်တွေ့ရဖို့မလွယ်တော့ပေမယ့်သူတို့ရဲ့နာမည်တွေကတော့အမြဲပရိသတ်တွေရင်ထဲမှာရှိနေကြမှာဖြစ်ပါတယ်။

PHOTO:Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။