"မြောက်ကိုရီးယားအရေး စစ်ရေးတင်းမာမှုအမြင့်ဆုံးသို့ရောက်ရှိနေ"

ဧပြီ၁၃ရက်တွင်ထွက်ပေါ်လာသည့်သတင်းများအရမြောက်ကိုရီးယားနှင့်ပတ်သက်သည့်စစ်ရေးတင်းမာမှုများမှာအမြင့်ဆုံးအခြေအနေသို့ရောက်ရှိနေကြောင်းသိရသည်။

လက်ရှိအချိန်တွင်မြောက်ပစိဖိတ်တစ်လျှောက်မှချီတက်လာသည့် uss carl vinson မဟာဗျူဟာတိုက်ခိုက်ရေးရေတပ်ဖွဲ့များသည်အချ်ိန်အနည်းငယ်အတွင်း၌ပင်ကိုရီးယားကျွန်းဆွယ်သို့ရောက်ရှိလာတော့မည်ဟုဆိုသည်။

ထို့ပြင်မြောက်ကိုရီးယားနှင့်အဆင်မပြေတင်းမာမှုများရှိနေသည့်ဂျပန်ကလည်းအမေရိကန်တပ်များနှင့်ပူးပေါငး်ရန်ကိုရီးယားကျွန်းဆွယ်ဘက်သို့ဦးတည်ထွက်ခွာလာနေပြီဖြစ်သည်။

အလားတူတရုက်နိုင်ငံကလည်းမြောက်ကိုရီးယားနယ်စစ်တွင်စစ်တပ်အင်အားတစ်သိန်းကျော်ချထားပြီးဖြစ်သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရန့်အနေဖြင့်၎င်း၏ us navy seals အထူးတပ်ဖွဲ့ကိုမြောက်ကိုရီးယားအရေး၌ဦးဆောင်စေမည်ဖြစ်ပြီး အာရှတွင်ရှိနေသည့် us fleet 3 နှင့် us fleet 7 တပ်ဖွဲ့များကိုလည်းအသင့်ပြင်ဆင်ထားစေသည်။

ငြိမ်းချမ်းရေးကိုသာလိုလားပါသည်ဆိုသောတရုတ်နိုင်ငံအနေဖြင့်လည်းလတ်တလောကာလတွင်တစ်နိုင်ငံလုံးအတိုငး်အတာဖြင့်တပ်လှန့်ထားသလိုအမေရိကန်ကလည်းတစ်ကမ္ဘာလုံးတွင်ရှိနေသည့်၎င်းတို့၏တပ်များကိုတပ်လှန့်ပြင်ဆင်ထားကြောင်းနှင့်စစ်ပွဲမှာယခုသီတင်းပတ်အတွင်း၌ပင်ဖြစ်ပေါ်လာနိုင်ကြောင်းသုံးသပ်ထားသည်။

နောက်ဆုံးရရှိသည့် သတင်းအရကတော့

မြောက်ကိုရီးယားသမ္မတကင်ဂျုံနမ်က

မြို့တော်ပြုံးယမ်းကပြည်သူတွေကိုမြို့ပြင်သို့ထွက်ခိုင်းနေပြီဟုသိရပါသည်။

News: News.con.au,

Photo:AAP,AP

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။