မနေ့က ကစားခဲ့တဲ့ ဥရောပ ရှုံးထွက် ဖလားပွဲတွေအပြီးမှာ ချန်ပီယံ အသင်းတွေ များစွာ ထွက်ပေါ်လာခဲ့ပါတယ်။ စပိန်၊ ဂျာမနီ၊ စကော့တလန်၊ ပေါ်တူဂီတို့ရဲ့ ဖလားပွဲတွေမှာ မထင်မှတ်တဲ့ အသင်း အချို့ ချန်ပီယံ ဖြစ်ခဲ့ကြတာပါ။စပိန် ဘုရင့်ဖလားပွဲကတော့ အားလုံး အံ့အားသင့်စရာဖြစ်ခဲ့ပြီး ၄နှစ်ဆက် ချန်ပီယံ ဘာစီလိုနာက ဗလန်စီယာကို ၂-၁ဂိုးနဲ့ ရှုံးခဲ့တာပါ။

မက်ဆီနဲ့ ဘာစီလိုနာအတွက် ဖလား ၃လုံးမှာ လိဂ်ဖလား တစ်လုံးတည်းနဲ့ ကျေနပ်ခဲ့ရတဲ့ ရာသီ ဖြစ်ခဲ့တာပါ။ဂျာမန် ဒီ အက်ဖ် ဘီ ဖလား ဗိုလ်လုပွဲမှာတော့ ဘိုင်ယန်က လိုက်ပဇိဂ်ကို ၃ ဂိုး ဂိုးမရှိ အနိုင်ရခဲ့ပြီး ပြီးခဲ့တဲ့ ၂ နှစ် ဆက်တိုက် မရခဲ့တဲ့ ဆုဖလားကို ပြန်ရခဲ့ပြီး ရော်ဘင်နဲ့ ရီဘာရီအတွက် ဘိုင်ယန်ကစားသမားဘဝနောက်ဆုံးဖလားဖြစ်ခဲ့ပါတယ်။  

ပေါ်တူဂီမှာ စပို့တင်းလစ္စဘွန်း၊ စကော့တလန်မှာ ဆဲလ်တစ်နဲ့ ဂျာမနီမှာ ဘိုင်ယန်မြူးနစ်တို့လည်း ချန်ပီယံ ဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ဥရောပ လိဂ်တွေမှာ ဘယ်အသင်းတွေ ရှုံးထွက် ချန်ပီယံ ဖြစ်ခဲ့ကြတဲ့ အသင်းတွေရဲ့ ပုံရိပ်လေးတွေကိုဖော်ပြေပးလိုက်ပါတယ်။

source: bbc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။