ယူရိုပါလိဒ်ဗိုလ်လုပွဲစဉ်ကိုတော့လာမယ့်၂၉ရက်နေ့ညမှာယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ဒီနှစ်ဗိုလ်လုပွဲမှာတော့အင်္ဂလန်ထိပ်သီးနှစ်သင်းဖြစ်တဲ့ချယ်လ်ဆီးအသင်းနဲ့အာဆင်နယ်အသင်းတို့ကသမိုင်းတစ်ယောက်အင်္ဂလန်နှစ်သင်းထိပ်တိုက်တွေ့တဲ့ဖိုင်နယ်အဖြစ်မှတ်တမ်းတင်ကစားရမှာဖြစ်ပါတယ်။ဆုဖလားတွေနဲ့ဝေးကွာနေတဲ့အာဆင်နယ်အသင်းအတွက်တော့အောင်မြင်မှုတွေရဖို့ကြိုးစားရမှာဖြစ်သလိုချယ်လ်ဆီးအတွက်လည်းဖလားလက်မဲ့မဖြစ်ဖို့ကြိုးစားရတော့မှာဖြစ်ပါတယ်။

ဒီနှစ်သင်းဟာအမှတ်ပေးပြိုင်ပွဲတွေမှာတော့ရလဒ်တွေဆိုးရွားခဲ့ပေမယ့်ယူရိုပါလိဒ်မှာတော့ခြေစွမ်းတွေပြသနိုင်တာကြောင့်ခုလိုဖိုင်နယ်ထိတက်ရောက်ခဲ့တာဖြစ်ပါတယ်။ဗိုလ်လုပွဲကစားဖို့ရက်တွေနီးလာတာနဲ့အမျှကစားသမားတွေဟာဒဏ်ရာပြဿနာမရဖို့ဂရုစိုက်နေတာပါ။အရေးကြီးတဲ့ပွဲစဉ်ဖြစ်တာကြောင့်အသင်းရဲ့အဓိကကစားသမားတွေကတော့ခုချိန်မှာလေ့ကျင့်ခန်းတွေလုပ်ပြီးဂရုစိုက်နေရတာပါ။

ပြိုင်ပွဲကြီးနီးကပ်လာတာနဲ့အမျှချယ်လ်ဆီးအသင်းဟာစိန်ခေါ်မှုအသစ်တွေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ခုမှာလည်းအသင်းရဲ့အဓိကကွင်းလယ်လူကန်တီဟာဒဏ်ရာကြောင့်ဗိုလ်လုပွဲကိုလွဲချော်ရတော့မှာဖြစ်ပါတယ်။ဆာရီတစ်ယောက်တော့ခုချိန်မှာကန်တီနေရာအတွက်ကစားသမားကောင်းတစ်ယောက်ကိုရွေးချယ်ရတော့မှာလည်းဖြစ်ပါတယ်။

SOURCE:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။