မနေ့က မေလ ၂၆ ရက်နေ့မှာတော့ နီပေါနိုင်ငံရဲ့မြို့တော် ခတ္တမန္ဒူမှာ ပေါက်ကွဲမှု သုံးခုဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

၎င်းပေါက်ကွဲမှုတွေကတော့ လက်ရှိအချိန်ထိ ဘယ်သူဘယ်ဝါ ပြုလုပ်တယ်ဆိုတာ မသိရှိရသေးဘူးလို့လည်း သိရပါတယ်။

၎င်းပေါက်ကွဲမှု သုံးခုထဲက ပထမတစ်ခုကတော့ မြို့လယ်ခေါင်က ဂတ်တီခူလို ရပ်ကွက်အတွင်းက အိမ်တလုံးပေါက်ကွဲခဲ့တာပဲဖြစ်ပြီး လူတစ်ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒုတိယတစ်ခုကတော့ ခတ္တမန္ဒူ မြို့စွန်က ဆူခေဒေါရာရပ်ကွက်က ဆံပင်အလှပြင်ဆိုင်တခုနားမှာဖြစ်ပေါ်ခဲ့တာဖြစ်ပြီး လူသုံးယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးတခုကတော့ သန်ခေါ့တ်ရပ်ကွက်ထဲက အုတ်ဖုတ်တဲ့ နေရာနားမှာ ဖြစ်ပေါ်ခဲ့တာဖြစ်သလို ၎င်းပေါက်ကွဲမှုကြောင့် လူနှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုသုံးခုလုံးပေါင်းလိုက်မယ်ဆိုရင်တော့ လူလေးယောက်သေဆုံးပြီး ၇ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

source -express

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။