ဥရောပချန်ပီယံလိဒ်ဗိုလ်လုပွဲကိုတော့၂ရက်နေ့မနက်အစောပိုင်းမှာယှဉ်ပြိုင်ကစားတော့မှာဖြစ်ပါတယ်။ဒီနှစ်ချန်ပီယံလိဒ်ဗိုလ်လုပွဲကိုတော့အင်္ဂလန်ထိပ်သီးနှစ်သင်းဖြစ်တဲ့လီပါပူးအသင်းနဲ့စပါးအသင်းတို့တက်ရောက်လာတာဖြစ်ပြီး၂၀၀၈ခုနှစ်နောက်ပိုင်းအင်္ဂလန်ကလပ်ချင်းထိပ်တိုက်ပြန်တွေ့တဲ့ပွဲဖြစ်လာတော့မှာပါ။

နှစ်သင်းလုံးကလည်းဖိုင်နယ်ပွဲကိုလွယ်လွယ်ကူကူနဲ့တက်ရောက်လာတာမဟုတ်ပဲအသင်းတွေကိုအကောင်းဆုံးကျော်ဖြတ်ပြီးမှခုလိုရောက်ရှိလာခဲ့တာပါ။ပါပူးအသင်းကတော့ချန်ပီယံလိဒ်ဗိုလ်လုပွဲကို၂နှစ်ဆက်တိုက်တက်ရောက်လာတာဖြစ်ပြီးစပါးအသင်းကတော့အဓိကကစားသမားတွေဒဏ်ရာရနေတဲ့ကြားထဲကနေသမိုင်းတစ်လျောက်ပထမဆုံးတက်ရောက်လာတာဖြစ်ပါတယ်။

ဒီဗိုလ်လုပွဲစဉ်မှာတော့စပါးအသင်းဟာအသင်းရဲ့ဒဏ်ရာရကစားသမားတွေပြန်ပါဝင်တော့မှာဖြစ်ပါတယ်။အသင်းရဲ့အဓိကကတိုက်စစ်မှူးဖြစ်တဲ့ကိန်းကတော့အဆိုပါပွဲစဉ်မှာပြန်ပါဝင်လာမှာဖြစ်ပါတယ်။ဒါကြောင့်စပါးအသင်းအတွက်ကတော့သမိုင်းတစ်လျောက်အအောင်မြင်ဆုံးအချိန်တွေကိုသိမ်းပိုက်နိုင်မလားဆိုတာကတော့စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။

SOURCE:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။