ကြာသပတေးဂြိုဟ်ဟာ နေမှစတင်ပြီးရေတွက်လျှင် ၅ ခုမြောက်ဂြိုဟ်ဖြစ်ပြီး နေအဖွဲ့အစည်းအတွင်းတွင် အကြီးဆုံးဂြိုဟ်လည်း ဖြစ်ပါတယ်။ ထိုဂြိုဟ်မှာ အလွန်ကြီးမားသည့်အတွက် အခြားဂြိုဟ် ၇ လုံးကို ပေါင်းစပ်ထားသော ဒြပ်ထုထက်ပင် ပို၍ ကြီးမားပါသေးတယ်။ဒါ့အပြင် ကြာသပတေးဂြိုဟ်ဟာ ဓာတ်ငွေ့များဖြင့် ပေါင်းစပ်ထားသော ဓာတ်ငွေ့ အစိုင်အခဲကြီးတစ်ခုကြီးဆိုရင်လည်း မမှားပါဘူး။ ထိုဂြိုဟ်၏ ဆွဲငင်အားဟာ ကမ္ဘာ၏ဆွဲငင်အားထက် အဆပေါင်းမြောက်များစွာ ကြီးမားပြီး ဂြိုဟ်၏ လေထုထဲတွင် ဟီလီယမ်ပါဝင်သော်လည်း ဟိုက်ဒရိုဂျင်ပမာဏပါဝင်မှုကတော့ အများဆုံးဖြစ်ပါတယ်။ 

ကြာသပတေးဂြိုဟ်၏ အင်္ဂလိပ်အမည် ဂျူပီတာမှာ ရောမဒဏ္ဍာရီထဲမှ နတ်ဘုရား ဇုစ်နတ်မင်းကြီးကို အစွဲပြု၍ ပညာရှင်များက ခေါ်ဆိုခြင်းဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်အထိ ကြာသပတေးဂြိုဟ်၏ ဂြိုဟ်ရံလ ၆၂ စင်းကို ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်ပြီး လ ၁၆ စင်းမှာ ကြီးမားသော လများဖြစ်ပါတယ်။ အကြီးဆုံးဂြိုဟ်ရံလ ၄ လုံးမှာ လို (Io)၊ ယူရိုပါ (Europa)၊ ဂေနီမိဒ်(Ganymede) နှင့် ကယ်လီစတို(Callisto) တို့ဖြစ်ပြီး ဂယ်လီလီယန်လများ (Galilean moons) ဟုခေါ်ပါတယ်။ ထိုလများကို အီတလီလူမျိုး အာကာသပညာရှင် ဂယ်လီလီယို ဂယ်လီလီ(Galileo Galilei)က ၁၆၁၀ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။  

ကြာသပတေးဂြိုဟ်၏ လေထုနှင့် အရွယ်အစားတို့ကြောင့် မြေပြင်ဖိအားမှာ အလွန်ပင်ကြီးမားပြီး ဥပမာအနေနဲ့ အာကာသယာဉ်တစ်စင်းကို ကြာသပတေးဂြိုဟ်သို့ ပို့လွှတ်မည်ဆိုပါက စက္ကန့်ပိုင်းအတွင်းမှာပင် ပျက်စီးသွားနိုင်ပါတယ်။ ဒီလိုအကြောင်းတွေ ကြောင့် ကြာသပတေးဂြိုဟ်၏ လေထုအောက်တွင် မည်သည့်အရာများရှိသည်ကို အနည်းငယ်သာ သိနိုင်ခြင်း၏ အဓိကအကြောင်းအရင်းဖြစ်ပါတယ်။ ည်။ 

Source : wikipedia 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။