ပြည်တွင်းဗုဒ္ဓဘာသာဝင်တွေရဲ့ အထွဋ်အမြတ်ထားရာ သာသနာ့ဘောင်ဝင်ရောက်မှုတွေထဲက ကြည်နူးစရာကောင်းတဲ့အလှူပုံရိပ်တွေကတော့ များစွာရှိနေပါတယ်။ မိသားစု ရှင်ပြု နားသပြုလုပ်မှုများ၊ စုပေါင်းလုပ်ဆောင်မှုများနဲ့ ကုသိုလ်ရှင်တစ်ဦးတည်းက မတည်လှူဒါန်းပေးတဲ့ အလှူတွေကတော့ မရေမတွက်နိုင်အောင်ပေါများလှပါတယ်။  

အဆိုပါ ရှင်ပြုအလှူတော်တွေထဲမှာ မကြာသေးမီကပြုလုပ်ပေးခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ဝါးတစ်ရာကျေးရွာက ရှင်အပါး ၂၀၀ ရှင်ပြုအလှူကြီးကတော့ အမှတ်ရများစွာနဲ့အတူ စည်စည်ကားကားပြုလုပ်ပေးခဲ့တာတွေ့ရပါတယ်။ ၎င်းအလှူကြီးကို မေလ ၂၅ ရက်နေ့နဲ့ ၂၆ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး သာသနာပြုကလေးများစွာရဲ့ ကြည်နူးစရာအပြုံးတွေကို ချစ်ပရိသတ်တွေလည်းတွေ့ရမှာပဲဖြစ်ပါတယ်။  

ရှင်ပြုအလှူမှတ်တမ်းတစ်လျှောက်အမှတ်တရပုံရိပ်များစွာကို ရိုက်ကူးခဲ့ပြီး သာသနာ့ဘောင်သို့ ဝင်ရောက်သွားစဉ်အထိပုံရိပ်တွေလည်းတွေ့ရမှာပဲဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွဋ်အမြတ်ထားရာ ရှင်းအပါး ၂၀၀ ရဲ့ ရှင်ပြုအလှူပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - BBC B

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။