ပြီးခဲ့တဲ့ရက်ပိုင်းက သြစတြေးလျနိုင်ငံ တောင်ပိုင်းမှာ ဥက္ကာပျံလို့ယူဆရတဲ့ အရာတစ်ခုကို တွေ့ရှိခဲ့တယ်လို့သိရပါတယ်။

သူတို့မြင်တွေ့ခဲ့ရတာကတော့ ဥက္ကာပျံလို့ယူဆရတဲ့ မီးကျည်ရောင်လို တောက်ပလှတဲ့အလင်းရောင်တခုကို မြင်တွေ့ခဲ့ရတာဖြစ်ပြီး ဓာတ်ပုံတွေ ဗီဒီယိုတွေရိုက်ကာ မှတ်တမ်းတင်ထားကြပါတယ်။

သူတို့လူမှုကွန်ယက်ပေါ် ပြန်တင်ပေးလာတဲ့ ဗီဒီယိုတွေထဲမှာဆိုရင်လည်း ဥက္ကာပျံလို့ယူဆရတဲ့ အလင်းတန်းတခုဟာ မီးလောင်ကျွမ်းပြီး အောက်ကိုပြုတ်ကျလာတာကို တွေ့ရပါတယ်။

၎င်းဥက္ကာပျံကတော့ ဂမ်ဘီယာတောင်ပေါ်ကို ပြုတ်ကျလာခဲ့တာဖြစ်ပြီး ဗီဒီယိုထဲမှာတော့ အလင်းရောင်တွေဖျာထွက်ပြီး ပျောက်ကွယ်သွားတာတွေ့ရပါတယ်။

သြစတြေးလျကာကာသအဖွဲ့အစည်းကတော့ ဒီဖြစ်ရပ်ဟာ ကမ္ဘာ့လေထုထဲကို ဂေါ်လီလုံးအရွယ် အာကာသအမှန်တစ်ခု ဝင်ရောက်လာခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

ပရိသတ်တွေကြည့်ရှုနိုင်စေဖို့အတွက် ဒီဖြစ်ရပ်ကို မှတ်တမ်းတင်ရီုက်ကူးထားတဲ့ ဗီဒီယိုလေးကိုပါ တပါတည်းဖော်ပြပေးလိုက်ရပါတယ်။

VIDEO CREDIT - RT

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။