ဘယ်လ်ဂျီယမ်နိုင်ငံ၊ဘရပ်ဆဲလ်မြို့တော်၏အနောက်မြောက် ၃၁ မိုင်ကွာ ဆကဲ့နှင့် လိမြစ် ၂ သွယ်တို့ ပေါင်းဆုံရာ၌ ဂင့်မြို့ တည်ရှိပြီး မြစ်နှင့် တူးမြောင်းများကြောင့် မြို့သည် အစိတ် စိတ်အပိုင်းပိုင်း ဖြစ်နေ၍ တံတားပေါင်း ၂ဝဝ ကျော်တို့ဖြင့် ဆက်သွယ်ထားရပါတယ်။ ရှေးမြို့ဟောင်းကြီးဖြစ်သောကြောင့် အဆောက်အအုံဟောင်း များ ရှိပြီး ခေတ်မီသည့်နေရာ၌ များစွာပင် ခေတ်မှီတာကို တွေ့ရပါတယ်။ ။ ဖလန်ဒါးနယ်၏ အချက်အချာမြို့လည်း ဖြစ်ပြီး ထူးခြားထင်ရှားကာ စိတ်ဝင်စားဖွယ်ကောင်းသော အဆောက်အအုံကြီးမှာ စိန်ဗဗွန်ကသီဒရယ် ဘုရားရှိခိုးကျောင်းကြီးဖြစ်ပြီ 

၁၃ ရာစုနှစ်လောက်က တည်ထားခဲ့သောဘုန်းကြီး ကျောင်းများ၊ သီလရှင်ကျောင်းများလည်း ရှိပါတယ်။ ဖလန်းဒါး နယ်စားကြီး ဆောက်လုပ်ထားသည့် အလယ်ခေတ်မှ ခမ်းနား လှသော ရဲတိုက်ဟောင်းကြီးမှာ မြို့၏ ကျက်သရေဆောင် ရှေးဟောင်း အဆောက်အအုံကြီး တစ်ခုအဖြစ်ရှိလို့နေပါတယ်။ ဘယ်လဂျီယမ်နိုင်ငံ၏ စက်မှုထွန်းကားရာ မြို့ကြီးဖြစ်သည့် အတိုင်း ချည်ထည်၊ သက္ကလတ်ထည်၊ သိုးမွေးထည် ရက်လုပ် သော လုပ်ငန်းများရှိ၏။ ဆပ်ပြာချက်ခြင်း၊ သားရေနယ်ခြင်း၊ ဂုန်လျှော်ထုတ်ခြင်း၊ စက္ကူလုပ်ခြင်း၊ဆေးရွက်များ ပြင်ဆင်ခြင်း၊ စက်ပစ္စည်းများ ပြုလုပ်ခြင်း စသော လုပ်ငန်းများမှာလည်း အတော်ပင် ကြီးကျယ်လှပါတယ်။  

ဂင့်မြို့မှာ ၇ ရာစုနှစ်မှစ၍ ဥရောပသမိုင်းတွင် ထင်ရှား သော မြို့တစ်မြို့ဖြစ်ခဲ့ရာ ၁၈၁၄ ခုနှစ်တွင် နယ်သာလန်နိုင်ငံ ထဲသို့ပါဝင်လာခဲ့ပြီး ၁၈၃ဝ ပြည့်နှစ်တွင်မှ ဘယ်လဂျီယမ်မြို့တစ်မြို့ ဖြစ်လာပါတယ်။ လူဦးရေ ၁၆ဝဝဝဝ ကျော်ရှိပြီး ပထမကမ္ဘာစစ် နှင့် ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်တို့ သိမ်းပိုက်ထားခြင်း ခံခဲ့ရသဖြင့် စစ်ဒဏ်ကို အတော်လေးခံစားခဲ့ရသော မြို့လည်း ဖြစ်ပါတယ်။ ပန်းများ စိုက်ပျိုးရောင်းချရာတွင် နာမည်ရသော မြို့ဖြစ်၍ ၅ နှစ်တစ်ကြိမ် တည်ခင်းပြသသော ပန်းပြပွဲကြီးမှာ အထူး ထင်ရှား ကျော်စောပီး ကမယ္ဘလှည့် ခရီးသွားများကို ဆွဲဆောင် နေတဲ့ မြိုကတစ်မြို့လည်း ဖြစ်ပါတယ်။  

Source : wikipedia 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။