လတ်တလောလူမှုကွန်ယက်ပေါ်မှာဆိုရင်တော့ လူပြောအရမ်းများစရာဖြစ်နေတဲ့ ဖြစ်ရပ်လေးတစ်ခုဟာ ပျံနှံ့နေတာတွေ့ရပါတယ်။

ဒီဖြစ်ရပ်လေးကတော့ ကလေးမွေးဖွားပြီး ဆေးရုံးကပြန်တဲ့အချိန်မှာ တက္ကဆီပေါ်မှာ ကလေးလေးကိုမေ့ကျန်ခဲ့တဲ့ ဖြစ်ရပ်လေးပဲဖြစ်ပါတယ်။

၎င်းစုံတွဲကတော့ ဂျာမနီနိုင်ငံ ဟမ်ဘာ့ဂျ်မြို့ ဟမ်ဘာ့ဂျ်ဆေးရုံးမှာ ကလေးမွေးဖွားပြီး တက္ကဆီနဲ့ အိမ်အပြန် ကားပေါ်ကအဆင်းမှာ တနှစ်အရွယ် ပထမကလေးကိုသာ ခေါ်ဆောင်ပြီး ယခုမွေးလာတဲ့ကလေးလေးကို ကားပေါ်က မေ့ထားခဲ့တာပဲဖြစ်ပါတယ်။

သူတို့စုံတွဲဟာဆိုရင်လည်း ကားပေါ်ကဆင်းပြီးမကြာမီမှာ ကလေးလေးကားပေါ်ကျန်ခဲ့တာသတိရပြီး တက္ကဆီနောက်ကို ပြေးလိုက်ခဲ့ပေမယ့် မမှီတော့ပါဘူး ။

သူတို့လင်မယားရဲ့ ပြန်လည်ပြောကြားချက်အရတော့ သူတို့ဟာ နောက်ထပ်ရင်သွေးလေးတစ်ယောက်ကို ပိုင်ဆိုင်လိုက်ရတဲ့အတွက် အရမ်းပျော်နေတာကြောင့် ကလေးလေးကို ကားပေါ်ကမေ့ထားခဲ့မိတာဖြစ်တယ်လို့ သိရပါတယ်။

သူတို့မေ့ထားခဲ့တဲ့ ကလေးလေးဟာဆိုရင်လည်း တက္ကဆီနောက်ခန်းမှာ ပါသွားခဲ့သလို ကားမောင်းသူဟာလည်း ကလေးလေးပါလာတာကို သတိမထားမိခဲ့ပါဘူး။

အဲ့ဒီနောက်မှာတော့ တက္ကဆီဒရိုင်ဗာဟာ နေ့လည်စာထမင်းစားဖို့အတွက်မြေကောက်ကားပါကင်တခုမှာ ကားရပ်ပြီး ၎င်းမွေးကင်းစကလေးလေးကို ကားထဲမှာ ပိတ်ထားမိခဲ့ပါတယ်။

အဲ့ဒီနောက်မှာဆိုရင်လည်း တက္ကဆီဒရိုင်ဗာဟာ ကားနောက်ခန်းထဲက ကလေးကိုသတိမထားမိသေးဘဲ ခရီးသည်တစ်ယောက်ကို ကြိုဖို့အတွက် လေဆိပ်ကိုသွားခဲ့ပါတယ်။

လေဆိပ်ကိုရောက်တဲ့အခါမှာတော့ ၎င်းကားပေါ်တက်မယ့် ခရီးသည်ဟာ ဒီကလေးကိုမြင်တွေ့ခဲ့တာကြောင့် တက္ကဆီဒရိုင်ဗာကလည်း ကလေးလေးပါလာမှန်းသိရှိခဲ့ပြီး ရဲတပ်ဖွဲ့ကိုအကြောင်းကြား ဆက်သွယ်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ရဲတပ်ဖွဲ့ရဲ့ကလေးလေးဟာ မေလ ၂၂ ရက်နေ့မှာ မိဘတွေလက်ထဲကို ဘေးကင်းကင်းနဲ့ ပြန်ရောက်ခဲ့ပါတော့တယ်။

ဒီဖြစ်ရပ်ကိုကြားသိခဲ့ရတဲ့ လူမှုကွန်ယက်သုံးစွဲသူတွေဟာဆိုရင်လည်း ကလေးလေးရဲ့မိဘနှစ်ပါးကို ကိုယ့်သားသမီးကိုတောင် မေ့ခဲ့ရမလားဆိုပြီး ပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုနေကြပါတယ်။

SOURCE - MIRROR  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။