ရေရှည်စီမံကိန်းတွေနဲ့နည်းပြသစ်ခန့်အပ်လိုက်တဲ့မြန်မာအသင်းဟာခုမှာတော့စင်ကာပူလက်ရွေးစင်အသင်းနဲ့ခြေစမ်းဖို့ပဏာမလူစာရင်းအား နည်းပြချုပ်မီရိုထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ဒီခြေစမ်းပွဲကတော့နည်းပြမီရိုရဲ့မြန်မာ့လက်ရွေးစင်အသင်းအတွက်ပထမဆုံးပွဲစဉ်ဖြစ်လာတော့မှာပါ။နည်းပြသစ်ရဲ့ပထမဆုံးပွဲစဉ်ဖြစ်တာကြောင့်ပရိသတ်တွေကလည်းဒီခြေစမ်းပွဲကိုစိတ်ဝင်စားနေကြတာပါ။

ဒီလူစာရင်းမှာတော့ကစားသမားသစ်တွေလည်းအများအပြားပါဝင်ခဲ့ပြီးနည်းပြချုပ်ကိုယ်တိုင်ပွဲတွေကိုသွားရောက်ကြည့်ရှူပြီးစိတ်ကြိုက်ရွေးချယ်ထားတာဖြစ်ပါတယ်။ဒီလူစာရင်းမှာတော့မြန်မာ့လက်ရွေးစင်အသင်းနဲ့အချိန်တော်ကြာဝေးကွာနေတဲ့တိုက်စစ်မှူးကျော်ကိုကိုလည်းပါဝင်လာခဲ့တာဖြစ်ပါတယ်။

နည်းပြချုပ် မီရို အနေဖြင့် စင်ကာပူ မထွက်ခွာမီ ဂိုးသမား တစ်ဦး၊ ကစားသမား နှစ်ဦး၊ စုစုပေါင်း (၃)ဦးအား ချန်လှပ်ကာ အပြီးသတ် ၂၃ ဦးစာရင်းကို ဆက်လက်ထုတ်ပြန် ပေးသွားမှာဖြစ်ပါတယ်။ပဏာမ မြန်မာ့လက်ရွေးစင် အသင်း လေ့ကျင့်မှုများကို မေလ ၂၈ ရက်နေ့မှ စတင်ကာ ပြုလုပ်သွားမည် ဖြစ်သော်လည်း ကစားသမား ၇ ဦးဖြင့်သာ စတင်နိုင်မှာဖြစ်ပါတယ်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။