ပြည်တွင်းမြန်မာ့လက်ဝှေ့လောကဖိုက်တာများစွာကို အလဲထိုးနိုင်ခဲ့တဲ့ လက်ရှိချန်ပီယံဒေဝရဲ့ အောင်မြင်မှုတွေကတော့ယနေ့အထိရှိနေဆဲဖြစ်ပါတယ်။ မြန်မာ့လက်ဝှေ့လောကမှ ဖိုက်တာအချို့နဲ့လည်း ခင်မင်ရင်းနှီးသူတစ်ယောက်ဖြစ်ပြီး ပရိသတ်အချစ်တော် အောင်လအန်ဆန်းနဲ့လည်း တရင်းတနှီးရှိသူတစ်ယောက်လည်းဖြစ်ပါတယ်။  

ဒေဝကတော့ အောင်လအန်ဆန်းနဲ့အတူ ရိုက်ကူးထားတဲ့ အမှတ်တရပုံရိပ်တွေကို မကြာခဏပြသလေ့ရှိပြီး တစ်ဦးနဲ့တစ်ဦး ရင်းနှီးကြောင်းကိုလည်းပြောပြလေ့ရှိတာတွေ့ရပါတယ်။ ဒီကနေ့ မှာလည်း ဒေဝကတော့ ပရိသတ်အချစ်တော် အောင်လအန်ဆန်းနဲ့အတူ ရိုက်ကူးထားတဲ့ အမှတ်တရပုံရပ်အချို့ကို ပြသထားတာတွေ့ရပါတယ်။  

အဆိုပါ ဓာတ်ပုံလေးကတော့ ဒီကနေ့ နံနက်စာအတူစားသောက်ခဲ့တဲ့ပုံရိပ်လေးတွေဖြစ်ပြီး နှစ်ယောက်သား စကားလက်စုံပြောကြားခဲ့ကြောင်း သိရပါတယ်။ အောင်လအန်ဆန်းတို့ ဇနီးမောင်နှံနဲ့အတူ နံနက်စားစားရင်း စကားလက်စုံကြခဲ့တဲ့ ဒေဝရဲ့ ပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

PHOTOS - DAVE 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။