လာမယ့်ရာသီ ပရီးမီးယားလိဂ် တန်းတက်ခွင့် နောက်ဆုံးလက်ကျန်တနေရာအတွက် အက်စ်တွန်ဗီလာနဲ့ ဒါဘီကောင်တီတို့ရဲ့ ချန်ပီယံရှစ် Platy Off ဗိုလ်လုပွဲကို မနေ့ညက ယှဉ်ပြိုင်ရာ ဗီလာက ၂ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး တန်းတက်ခွင့်ရသွားခဲ့ပါတယ်။အင်္ဂလန် ချန်ပီယံရှစ်အသင်းတွေထဲက ပထမနဲ့ ဒုတိယ ရခဲ့ကြတဲ့ နောဝစ်ချ်နဲ့ ရှက်ဖီးယူနိုက်တက်တို့ ပရီးမီးယားလိဂ်ကို တန်းတက်ထားပြီးဖြစ်တာကြောင့် နောက်ဆုံးလက်ကျန် တစ်နေရာအတွက် အဆင့် ၃ ကနေ ၆ နေရာရတဲ့ လိဒ်စ်၊ ဝက်စ်ဘရွန်း၊ ဗီလာနဲ့ ဒါဘီ လေးသင်း ယှဉ်ပြိုင်ခဲ့ကြတာပါ။

ဗီလာက ဝက်စ်ဘရွန်းကို ကျော်ဖြတ်ခဲ့သလို ဒါဘီကလည်း လိဒ်စ်ကို နှစ်ကျော့ပေါင်းရလဒ်နဲ့ အနိုင်ယူပြီး နောက်ဆုံး ဗိုလ်လုပွဲကို တက်လှမ်းလာတာပါ။ဗိုလ်လုပွဲစဉ်မှာတော့ အက်စ်တွန်ဗီလာက ရေပန်းစားတဲ့အတိုင်း ဒါဘီကို အနိုင်ယူပြီး ပရီးမီးယားလိဂ်ကို တကျော့ပြန် တက်လှမ်းနိုင်ခဲ့ပါတယ်။ဒီနေ့ပွဲကတော့နှစ်သင်းလုံးအကြိတ်အနယ်ရှိခဲ့ပြီးပရိသတ်တွေအတွက်ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။

ဒီပွဲမှာ ဒါဘီအသင်းက ဘောလုံးပိုင်ဆိုင်မှုရော ထိုးဖောက်ကန်သွင်းခွင့်မှာပါ အနည်းငယ် အသာရခဲ့ပေမယ့် အဆုံးသတ်အားနည်းခဲ့လို့ နိုင်ပွဲနဲ့ ဝေးခဲ့ရတာပါ။ဗီလာအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၄၄ မိနစ်မှာ အယ်လ်ဂါဇီနဲ့ ၅၉ မိနစ်မှာ မက်ဂျင်းတို့က သွင်းယူပေးခဲ့ပြီး ဒါဘီအတွက်ချေပဂိုးတဂိုးကိုတော့ပွဲချိန်၈၁မိနစ်မှာဝက်ဂ်ဟွန်းသွင်းယူပေးခဲ့တာပါ။အက်စ်တွန်ဗီလာအသင်းကတော့၃နှစ်ကြာမှပရီးမီးယားလိဒ်ကိုတက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

SOURCE:DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။