ဂျူဗင်တပ်တိုက်စစ်မှူးဖြစ်တဲ့ရော်နယ်ဒိုကတော့ခုစီးရီးပေပြိုင်ပွဲကြီးပြီးဆုံးသွားချိန်မှာတော့ဂျူဗင်အသင်းနဲ့တူတူအမှတ်ပေးချန်ပီယံဆုဖလားကြီးကိုဆွတ်ခူးနိုင်ခဲ့ပေမယ့်ရွှေဖိနပ်စုကိုတော့လွဲချော်ခဲ့ပါတယ်။ရော်နယ်ဒိုအတွက်တော့ဒီရာသီမှဂျုဗင်တပ်အသင်းကိုပြောင်းရွေ့ခဲ့ပေမယ့်လေးရာသီဆက်တိုက်ရွှေဖိနပ်ဆုနဲ့လွဲချော်ခဲ့ရတာဖြစ်ပါတယ်။

ဒိုလေးဟာစပိန်ထိပ်သီးရီးရဲမက်ဒရစ်အသင်းမှာကစားစဉ်တုန်းကလည်း၃ရာသီဆက်တိုက်ရွှေဖိနပ်စုကိုလွဲချော်ခဲ့ရတာဖြစ်ပါတယ်။ခုမှာလည်းစီးရီးအေပြိုင်ပွဲရဲ့ရွှေဖိနပ်ဆုကိုတော့ဆမ်ဒိုးရီးယားက အီတလီ ဝါရင့်တိုက်စစ်မှူး ကွာဂလီရယ်လာက သွင်းဂိုး ၂၆ ဂိုးနဲ့ရသွားခဲ့တာဖြစ်ပါတယ်။ဒိုလေးကတော့ဒီနှစ်စီးရီးအေပြိုင်ပွဲမှာ၂၁ဂိုးသာရခဲ့တာကြောင့်ရွှေဖိနပ်စုနဲ့လွဲချော်ခဲ့ရတာဖြစ်ပါတယ်။

ဒိုလေးဟာရွှေဖိနပ်စုမရခဲ့ပေမယ့်အသင်းအတွက်လိုအပ်တဲ့နိုင်ပွဲတွေနဲ့သွင်းဂိုးတွေကိုသွင်းယူပေးနိုင်တဲ့ကစားသမားဖြစ်ပါတယ်။သူကတော့ယခုလိုရွှေဖိနပ်စုမရခဲ့တာဟာ၂၀၁၅ခုနှစ်နောက်ပိုင်းထဲကဖြစ်ပါတယ်။ခုလိုရလဒ်ဆိုးတွေကိုနောက်နှစ်မှာပြန်ချေပနိုင်မလားဆိုတာကတော့စောင့်ကြည့်ဖို့တင်ဆက်ပေးလိုက်ရပါတယ်။

SOURCE:DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။