မနေ့က မေလ ၂၇ ရက်နေ့က မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ဟာ ရုရှားနိုင်ငံကို ထွက်ခွာသွားတယ်လို့သိရပါတယ်။

ဒီသတင်းကိုထုတ်ပြန်ခဲ့တာကတော့ မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအန်အေ သတင်းဌာနကပဲဖြစ်ပါတယ်။

အခုထွက်ခွာသွားတဲ့ကိုယ်စားလှယ်အဖွဲ့ဟာဆိုရင်လည်း ကိုရီးယားအလုပ်သမားပါတီ ( ) ရဲ့ ပြုံယမ်းမြို့ရာ ကော်မတီဝင်တွေဖြစ်တယ်လို့ သိရပါတယ်။

ကေစီအန်အေ သတင်းဌာနအနေနဲ့လည်း ပါတီ ဥက္ကဌ ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့က မြောက်ကိုရီးယားဆိုင်ရာ ရုရှားသံအမတ် အလက်ဇန်းဒါး မတ်ဆေဂိုရာနဲ့ လေဆိပ်မှာနှုတ်ဆက်နေတဲ့ ပုံရိပ်တွေကို ဖြန့်ဝေခဲ့တာတွေ့ရပါတယ်။

သို့ပေမယ့် လက်ရှိအချိန်ထိတော့ မြောက်ကိုရီးယာကိုယ်စားလှယ်အဖွဲ့အနေနဲ့ ရုရှားကိုထွက်ခွာသွားတဲ့အကြောင်းရင်းကို မသိရသေးပါဘူး လို့ သိရပါတယ်။  

SOURCE- DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။