ပြည်တွင်းရိုးရာလက်မှုလုပ်ငန်းတွေကို ရှေးယခင်ကတည်းကယနေ့အထိ ထိမ်းသိန်းလျှက်ရှိပြီး ရိုးရာအမွေအနှစ်တစ်ခုအဖြစ် လက်ဆင့်ကမ်းလျှက်ရှိကြောင်း သိရပါတယ်။ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ဆွဲဒလွဲကျေးရွာအုပ်စု ပုဇွန်မြောင်းကျေးရွာ မိရိုးဖလာ အိုးလုပ်ငန်းအား ယမန်နေ့က ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း ကောက်ယူ ပြုစုခဲ့ကြောင်း သိရပါတယ်။  

စာရင်းပြုစုမှုကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊သာသာနာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံများ ပူးပေါင်း ဆောင်ရွက်ကြတာဖြစ်ကြောင်း သိရပါတယ်။ လက်ရှိ အိုးလုပ်ငန်း စတင်အသုံးပြုခဲ့ပုံ၊ အသုံးပြုသည့်ကုန်ကြမ်း ပစ္စည်းအမျိုးအစားများ၊ မြေထည်အိုးများ လုပ်ကိုင်ပုံအဆင့်ဆင့် ထွက်ရှိသည့်မြေထည်အိုး အမျိုးအစားများ၊ ထွက်ရှိသည့် မြေထည်အိုးများ သုံးစွဲမှုအခြေအနေ၊ ရောင်းဝယ်ဖြန့်ဖြူးမှု အခြေအနေ၊ ရိုးရာအိုးလုပ်ငန်းအား လက်ဆင့်ကမ်း လုပ်ကိုင်မှု အခြေအနေများ စသည့် အချက်အလက်များကို စာရင်းပြုစု၍ ပြုလုပ်ပုံ အဆင့်ဆင့်အား ဓာတ်ပုံရိုက်ကူးခြင်း၊ ဗီဒီယိုမှတ်တမ်း ရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ကြပါတယ်။ ကောက်ယူပြုစုထားသော အချက်အလက်များကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပဲခူးဌာနခွဲ) သို့ ပေးပို့သွားမည်ဖြစ်ကြောင်းသိရပါတယ်။ 

အဆိုပါမြေအိုးလုပ်ငန်းမှ သဲအိုး၊ ရေအိုးနီ၊ ဘုံဘိုင်ခေါင်းပါရေအိုး၊ သောက်တော်ရေအိုး၊ ဘုရားပန်းအိုး၊ ပေါင်းချောင်အိုး၊ ပန်းစိုက်အိုး၊ ဖျဉ်းအိုး၊ ခွက်ဝင်အိုး၊ မယ်ဒန်အိုး၊ မော်ဒယ်အိုး(ပန်းရိုက်အိုး)၊ နှင်းပုလဲအိုး၊ သပိတ်၊ စုဘူး၊ ရေတကောင်းနှင့် ကလေးကစားစရာ အိုးပုတ်များ ထွက်ရှိကာ အနီးအနားမြို့များ အပြင် ရန်ကုန်၊ မန္တလေးမြို့ကြီးများ အထိပါ ကျယ်ပြန့်စွာအသုံးပြုလျက်ရှိပါတယ်။ ကုန်ကြမ်းအတွက် ရွှံစေးမြေ၊ သဲ၊ အညာဒေသထွက် မြေနီမှုန့် တို့ကို အသုံးပြုကာ ပြုလုပ်လိုသော မြေအိုးပုံစံအလိုက် အဆင့်ဆင့် အနုပညာလက်ရာမြောက်စွာ ပြုလုပ်ကြရပြီး အိုးလုပ်ငန်းခွင်သို့ နိုင်ငံခြားခရီးသွားများလည်း လာရောက်လေ့လာလျက်ရှိကြောင်း သိရပါတယ်။

SOURCE -MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။