ဗီယက်နမ်လက်ရွေးစင်အသင်းဟာ မြန်မာအသင်းနဲ့ ကစားရမယ့် ခြေစမ်းပွဲအတွက် အတောင့်တင်းဆုံးလူစာရင်းနဲ့ ပွဲထုတ်လာခဲ့ပါတယ်။ ဗီယက်နမ် အသင်းကိုတော့ လက်ရွေးစင်အသင်းနည်းပြ ပတ်ဟန်ဆိုးရဲ့ လက်ထောက်နည်းပြဖြစ်သူ ကမ်ဟွမ်ယန်းက တာဝန်ယူကိုင်တွယ်သွားမှာလည်းဖြစ်ပါတယ်။ 

မြန်မာ့လက်ရွေးစင် အသင်းဟာ စင်ကာပူ ဘောလုံးအဖွဲ့ချုပ်၏ ဖိတ်ကြားချက်အရ လာမည့် ဇွန်လ ၁၁ ရက်နေ့၊ စင်ကာပူ အမျိုးသား အားကစားကွင်း (National Stadium) တွင် ဖီဖာ နိုင်ငံတကာ ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားမည်ဖြစ်ရာ အဆိုပါ ခြေစမ်းပွဲအတွက် ပဏာမရွေးချယ်ထားသည့် ကစားသမား စာရင်းကို မြန်မာ့ လက်ရွေးစင် အသင်းနည်းပြချုပ် မီရိုဒရပ် ရာဒူလိုဗစ်က ထုတ်ပြန်ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ 

ပဏာမ မြန်မာ့လက်ရွေးစင် အသင်း လေ့ကျင့်မှုများကို မနက်ဖြန် မေလ ၂၈ ရက်နေ့မှ စတင်ကာ ပြုလုပ်သွားမည် ဖြစ်သော်လည်း ကစားသမား ၇ ဦးဖြင့်သာ စတင်နိုင်မည်ဖြစ်ပါတယ်။ နည်းပြချုပ် မီရို အနေဖြင့် စင်ကာပူ မထွက်ခွာမီ ဂိုးသမား တစ်ဦး၊ ကစားသမား နှစ်ဦး၊ စုစုပေါင်း (၃)ဦးအား ချန်လှပ်ကာ အပြီးသတ် ၂၃ ဦးစာရင်းကို ဆက်လက်ထုတ်ပြန် ပေးသွားမည် ဖြစ်ပါတယ်။

source: MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။