မန်ယူအသင်းကိုပြောင်းရွေ့မယ်ဆိုပြီးသတင်းတွေထွက်နေတဲ့အေဂျက်နောက်ခံကစားသမားဒီလစ်ကတော့ခုမှာအသင်းပြောင်းရွေ့ဖို့ကိစ္စနဲ့ပတ်သတ်ပြီးပြောလာခဲ့ပါပြီ။အဆိုပါလူငယ်ကစားသမားကိုခေါ်ယူဖို့ထိပ်သီးအသင်းတွေဖြစ်တဲ့ဘာစီလိုနာ၊မန်ယူစတဲ့အသင်းတွေအပြင်တစ်ခြားအသင်းတွေကလည်းခေါ်ယူဖို့ကြိုးစားနေကြတာဖြစ်ပါတယ်။

ခုမှာတော့ဒီလစ်ကဘယ်အသင်းပြောင်းရွေ့ရမလဲဆိုတာမဆုံးဖြတ်ရသေးကြောင်းနဲ့သူကိုခေါ်ယူမယ့်ထိပ်သီးအသင်းတွေကလည်းဥရောပမှာထိပ်သီးလိဒ်တွေဖြစ်တာကြောင့်စဉ်းစားရခက်နေကြောင်းပြောကြားခဲ့ပါတယ်။ဒီနှစ်ဟာအသက်ငယ်ငယ်လေးသာရှိပေမယ့်တစ်ချိန်မှာထွန်းတောက်လာမယ့်ကစားသမားဖြစ်ပြီးခုမှာလည်းအေဂျက်အသင်းခေါင်းဆောင်ရာထူးကိုငယ်ငယ်လေးနဲ့ရထားတာပါ။

သူ့ရဲ့အပြောင်းအရွေ့ကတော့ယူရိုပေါင်သန်း၁၀၀ထိတန်ကြေးရှိနေပြီးအသင်းတွေကလည်းခေါ်ယူဖို့စိတ်အားထက်သန်နေတာပါ။မန်ယူအသင်းကလည်းအသင်းကိုလူငယ်တွေနဲ့တည်ဆောက်ချင်နေတာကြောင့်ခေါ်ယူဖို့စိတ်အားထက်သန်နေတာကြောင့်အပြောင်းအရွေ့တွေဖြစ်လာမလားဆိုတာကတော့စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။

SOURCE:DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။