ကြောင် (moonstone) ကျောက်ဆိုတာ နဝရတ် ကိုးပါးတွင် တစ်ပါး အပါအဝင်ဖြစ်ပြီး ကြောင်မျက်လုံးနဲ့လည်းတူတာကြောင့် (Cats' eye)လို့လည်းခေါ်ကြပါတယ်။ ကြောင်ကျောက်ရဲ့ ဓါတုဖွဲ့စည်းပုံဟာဆိုရင် ဩသိုကလေ့စ် ကြွေကျောက် (Orthoclase feldspar) နှင့် ပလေဂျီအိုကလေ့စ် ကြွေကျောက် (Plagioclase feldspar) တို့ တစ်လှည့်စီ ပါဝင်ဖွဲ့စည်းထားပါတယ်။ဒါ့ကြောင့်လည်း ကြောင်ကျောက်ရဲ့ အရောင်အသွေးဟာ ရောင်ပြေးဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။  

ပုံဆောင်စနစ်မှာ တစ်ရိုးစောင်းပုံဆောင်စနစ်(Monoclinic system) ဖြစ်ပြီး သိပ်သည်းဆ ၂.၅၆ ရှိကာ မာဆင့် ၆ မှ ၆.၅ ထိရှိပါတယ်။ အရောင်အဆင်းပကတော့ ဖန်ရောင်လက်ရှိပြီး အလင်းပေါက်(Transparent) မှ အလင်းမှုန်(Translucent) ထိရှိပါတယ်။ ဒါ့အပြင် အရောင်မဲ့၊ အဖြူရောင်၊ ပန်းရောင်၊ အဝါရောင်၊ ခရမ်းပြာရောင်များကို အများအားဖြင့် တွေ့ရှိရတတ်ပါတယ်။ ကြောင်ကျောက်ရဲ့ ဂုဏ်သတ္တိတွေကို ပြောရမယ်ဆိုရင် ကြောင်ကျောက်ဟာ သိဒ္ဓိပြီးမြောက်ခြင်း၊ အောင်မြင်ခြင်း၊ တန်ခိုးရှိခြင်း စတဲ့ ဂုဏ်သတ္တိများကို စွမ်းဆောင်နိုင်တယ်လို့ သိရပါတယ်။  

တစ်ခြား ကျောက်တွေဖြစ်တဲ့ နီလာကျောက်ဟာ သူတပါး၏မေတ္တာကို ရရှိခြင်း လူတို့၏ ချစ်ခင်မြတ်နိုးမှုကို ရရှိခြင်း၊ ရန်အပေါင်းမှ ကာကွယ်နိုင်ခြင်း စသည်များကို စွမ်းဆောင်နိုင်တယ်လို့ သိရပါတယ်။ ဂေါ်မုတ်ကျောက်ကတော့ ခန်အားကြီးခြင်း၊ ကျန်းမာခြင်း၊ ရန်သူကို အောင်နိုင်ခြင်း တို့ကိုစွမ်းဆောင်နိုင်တယ်လို့ စာပေကျမ်းဂန်တွေထဲမှာ ဖော်ပြထားပါတယ်။ 

Source : wikipedia 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။