ထိုင်းနိုင်ငံက အသက် ၄၄ နှစ်အရွယ် ထူးထူးခြားခြား အမျိုးသားတစ်ဦးကတော့ မူးယစ်ဆေးသုံးစွဲကာ ကိုယ်တိုင်ရဲလက်သွားရောက်အဖမ်းခံခဲ့တယ်လို့သိရပါတယ်။အဆိုပါအမျိုးသားဟာ ပြင်ပကမ္ဘာက လူမှုအသိုင်းအဝိုင်းကို စိတ်ကုန်တဲ့အတွက် မူးယစ်ဆေးဝါးသုံးကာ ထောင်ကျခံဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။ဆန်ထောင်လို့အမည်ရတဲ့ အဆိုပါအမျိုးသားဟာ ခိုရတ်တ်ကနေ ချာခတ်ဆအိုကို သွားတဲ့ ဘတ်စ်ကားပေါ်မှာ လိုက်ပါလာခဲ့တာဖြစ်ပြီး ယာဉ်ရပ်နားစခန်းက အများသုံးအိမ်သာထဲမှာ တွေ့ရှိခဲ့တဲ့ wy ဆေးပြား၂ကို သုံးခဲ့တာပဲဖြစ်ပါတယ်။

တစ်ပြားကိုရေအိမ်ထဲမှာသုံးလိုက်ပြီးကျန်တဲ့ ဆေးပြားတစ်ပြားကို သူ့ရဲ့ ဘောင်းဘီအိတ်ထဲထည့်ကာဆက်လက် လိုက်ပါလာခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဘတ်စ်ကားဟာ မြို့ထဲ ဆိုက်ရောက်ချိန်မှာတော့ သူက “ကျနော် ယာဘဆေး သုံးထားခဲ့ပါတယ်။ နောက်တပြားက ကျနော့်ဘောင်းဘီထဲမှာ” လို့ ရဲအရာရှိများကို သွားရောက်ပြောပြခဲ့ပြီး “ကျနော့်ကို ဖမ်းပါ” လို့ ပြောခဲ့တာပဲဖြစ်ပါတယ်။ရဲတွေ စစ်ဆေးခဲ့ချိန်မှာတော့ ဘောင်းဘီအိတ်ထဲမှာ ပလတ်စတစ်နဲ့ ထုပ်ပိုးထားတဲ့ ယာဘမူးယစ်ဆေးပြားတပြားကို တွေ့ရှိခဲ့တယ်လို့သိပါတယ်။

ဆက်လက်ပြီးထိုအမျိုးသားအား ဆေးရုံမှာ ဆေးစစ်ချက်ယူချိန်မှာတော့ မူးယစ်ဆေးဝါး သုံးထားခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။အဲဒီနောက်မှာတော့ သူစီစဉ်ထားတဲ့အတိုင်း မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ လက်ဝယ်ထားရှိမှု အဆင့် ၁ နဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာပဲဖြစ်ပါတယ်။ထိုအမျိုးသားဟာ ထိုင်းလူမှုအသိုင်းအဝိုင်းကို စိတ်ကုန်စိတ်ပျက်နေတာမို့ ထောင်ထဲမှာတော့ ဘယ်လိုနေမလဲ သိချင်စိတ်နဲ့ ခုလိုလုပ်ခဲ့တာလို့ ပြောပါတယ်။ရဲတပ်ဖွဲ့အနေနဲ့ သူ့ကို ပြစ်ဒဏ် ဘယ်လောက်ချမှတ်လိုက်တယ် ဆိုတာကိုတော့ သတင်းထုတ်ပြန်ခြင်းမရှိသေးဘူးလို့သိရပါတယ်။

source - dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။