မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာပေါ်စကို တို့ပူးပေါင်းကျင်းပသည့် တောင်ကိုရီးယား ကလပ် ပိုဟမ်စတီးလား အသင်း ခြေစမ်းခရီးစဉ် ပထမခြေစမ်းပွဲအား မနေ့ညနေ ၅:၀၀နာရီက Thuwunna Stadium တွင်ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ဒီပွဲမှာတော့တောင်ကိုရီးယားကလပ် ပိုဟမ်စတီးလား အသင်းက ဧရာဝတီ ယူနိုက်တက် အသင်းကို (၂:၃)ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

ဒီပွဲစဉ်ကတော့နှစ်သင်းလုံးအတွက်ခြေစမ်းပွဲဖြစ်ပေမယ့်အကောင်းဆုံးကစားသွားခဲ့ကြပြီးပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။ဧရာဝတီအသင်းဟာလည်းမြန်မာနေရှင်နယ်လိဒ်ဒုတိယအကျော့အတွက်ပြင်ဆင်နေတာကြောင့်ခုလိုတောင်ကိုရီးယားအသင်းတစ်သင်းနဲ့ကစားခွင့်ရတာဟာအတွေ့အကြုံကောင်းတွေအများကြီးရခဲ့ပါတယ်။

ပွဲစပြီး၆မိနစ်အတွင်းမှာတော့ပိုဟမ်စတီးလားအသင်းရဲ့လျှင်မြန်တဲ့တိုက်စစ်တွေကြားမှာဦးဆောင်ဂိုးနှစ်ဂိုးပေးခဲ့ရပေမယ့်နောက်ပွဲချိန်တွေမှာဧရာဝတီအသင်းခြေစွမ်းတွေဟာပိုတည်ငြိမ်လာခဲ့ပြီးခြေပဂိုးတွေပြန်ရခဲ့ပါတယ်။ဒီပွဲမှာတော့တောင်ကိုရီးယားကလပ်ပိုဟမ်စတီးလားအသင်းဟာအနိုင်ရခဲ့ပေမယ့်ဧရာဝတီအသင်းကိုခက်ခက်ခဲခဲနဲ့ကစားပြီးမှအနိုင်ရခဲ့တာပါ။ပိုဟမ်စတီးလားအသင်းဟာဒုတိယမြောက်ခြေစမ်းပွဲကိုတော့မြန်မာယူ၂၂အသင်းနဲ့ကစားမှာဖြစ်ပါတယ်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။