မနက်ဖြန်မနက်၁နာရီခွဲအချိန်မှာတော့ဥရောပရဲ့အကောင်းဆုံးပွဲတစ်ပွဲလို့ပြောရမယ့်ယူရိုပါလိဒ်ဗိုလ်လုပွဲကိုယှဉ်ပြိုင်ကစားတော့မှာပဲဖြစ်ပါတယ်။ဒီနှစ်ယူရိုပါလိဒ်ဗိုလ်လုပွဲကတော့ထူးခြားမှုတွေအပြည့်လို့ပြောရမှာဖြစ်ပြီးသမိုင်းတစ်လျောက်အင်္ဂလန်နှစ်သင်းဗိုလ်လုပွဲတက်လာတာဖြစ်ပြီးနှစ်သင်းလုံးကလည်းလန်ဒန်ကလပ်တွေဖြစ်တာကြောင့်ထူးခြားမှုတွေအပြည့်လို့ပြောနိုင်တာပါ။

ဒီနှစ်သင်းဟာအမှတ်ပေးပြိုင်ပွဲတွေမှာထင်သလောက်ခြေစွမ်းတွေမပြနိုင်ပေမယ့် ယူရိုပါလိဒ်မှာတော့အကောင်းဆုံးခြေစွမ်းတွေနဲ့အနိုင်ယူပြီးဗိုလ်လုပွဲကိုတက်ရောက်လာတာဖြစ်ပါတယ်။ခုလိုအရေးကြီးပွဲကစားရမယ့်ချယ်လ်ဆီးအသင်းကတော့ပွဲမကစားခင်မှာတော့အသင်းဖော်တွေပြဿနာတက်ခဲ့တာကြောင့်ပရိသတ်တွေနဲ့နည်းပြဆာရီတို့ကတော့အခက်ကြုံနေရပါတယ်။

ဗိုလ်လုပွဲယှဉ်ပြိုင်မယ့်ကွင်းကြီးမှာလေ့ကျင့်ခန်းဆင်းနေစဉ်ဒေးဗစ်လုစ်နဲ့ဟီဂူအင်တို့ကဘောလုံးကစားနေရင်းမတော်တဆဖြစ်ကြတာပါ။နည်းပြဆာရီကတော့ဒီလုပ်ရပ်ကြောင့်အင်မတန်ဒေါသထွက်ခဲ့ပြီးသူဆောင်းတဲ့ဦးထုတ်ကိုတောင်မြေကြီးမှာချပြီးကန်ခဲ့တာဖြစ်ပါတယ်.လေ့ကျင့်ခန်းအစီစဉ်တွေကိုလည်းရပ်နားခဲ့တာကြောင့်နောက်နှစ်ရာသီဆာရီအသင်းမှာဆက်ရှိဖို့ကတော့စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။

SOURCE:GOOGLE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။