မစ်ဒယ်ဝိတ်တန်း ခါးပတ် ကာကွယ်ပွဲကို အကောင်းဆုံး ထိုးသတ်ပြီး ကာကွယ်နိုင်ခဲ့ပြီဖြစ်တဲ့ အောင်လအန်ဆန်ဟာ လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ်ကာကွယ်ပွဲအတွက်လည်း ပြင်ဆင်မှုတွေပြုလုပ်လျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ လိုက်ဟဲဗီးဝတ်တန်းချန်ပီယံခါးပတ်ကို အောက်တိုဘာ ၁၂ရက်နေ့မှာ ပြုလုပ်ကျင်းပသွားမှာဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံသား ဟဲဗီးဝိတ်တန်း ချန်ပီယံ ဘရန်ဒန် ဗီရာနဲ့ ထိုးသတ်သွားမှာဖြစ်ကြောင်း သိရပါတယ်။    

ဆရာတူတပည့်တွေဖြစ်ခဲ့ဖူးသလို နိုင်ပွဲရရှိမှုတွေကလည်း မကွားခြားတာကြောင့် အဆိုပါ ပွဲကတော့ ပရိသတ်တွေအတွက်ပွဲကောင်းတစ်ပဲဖြစ်လာမှာအသေချာပဲဖြစ်ပါတယ်။ ၎င်းပွဲကတော့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာပဲကျင်းပပြုလုပ်မှာဖြစ်ပြီး ပရိသတ်တွေစောင့်မျှော်နေတဲ့ ပွဲကြီးလည်းဖြစ်ပါတယ်။ အောင်လအန်ဆန်းနဲ့ထိုးသတ်မယ့် ဟဲဗီးဝိတ်တန်းချန်ပီယံ ဗီရာကတော့ အသက် ၄၁နှစ် အရွယ်ဖြစ်ပြီး အရပ် ၆ပေ ၃လက်မရှိကာ MMA ပွဲပေါင်း ၂၄ပွဲမှာ ၁၆ပွဲနိုင်ထားပြီး ၇ပွဲ ရှုံးထားသူလည်း ဖြစ်ပါတယ်။ 

မကြာခဏ သူ့ရဲ့ပွဲကောင်းတွေကို One Championship ကပြန်လည်ထုတ်လွှင့်ပေးလေ့ရှိပြီါ် မကြာသေးမီကလည်း ဗီရာရဲ့ အကောင်းဆုံးပွဲတစ်ပွဲကိုပြန်လည်ပြသထားတာတွေ့ရပါတယ်။ အဆိုပါ ပွဲမှာတော့ဝိတ်တန်းတူဖိုက်တာတစ်ဦးနဲ့ ထိုးသတ်ခဲ့တာဖြစ်ပြီး အကောင်းဆုံးထိုးကွက်တွေနဲ့အတူ အလဲထိုးအနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။ အောင်လအန်ဆန်းရဲ့ ပြိုင်ဘက်ဗီရာရဲ့ အကောင်းဆုံးပွဲကောင်းတစ်ပွဲကို ချစ်ပရိသတ်တွေကြည့်ရှု့နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။

vide0 - One Championship 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။