ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာမြေကြီးဟာဆိုရင် ရေထု ၇၁ရာခိုင်နှုန်း နှင့် ၂၉ရာခိုင်နှုန်းဖြင့်ဖွဲ့စညိးထားတဲ့ ဂြိုဟ်ကြီးလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ကမ္ဘာမြေတော်တော်များများ မြစ်ချောင်း ၊ အင်းအိုင်၊ ပင်လယ်၊ သမုဒ္ဒရာ များစွာ ရှိတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါဖော်ပြပေးမှာကတော့ အာဖရိကတိုက်ရဲ့ အကြီးဆုံးရေအိုင်ဖြစ်တဲ့ ဝိတိုရိယရေအိုင် အကြောင်းဖော်ပြပေးချင်ပါတယ်။ ဝိတိုရိယအိုင်ဟာ အာဖရိကတိုက်တွင် အကြီးဆုံး အိုင်ဖြစ်ပြီး မြောက်အမေရိကတိုက်ရှိ ဆူပီးရီးယာအိုင်မှလွဲရင် ကမ္ဘာပေါ်၌ အကြီးဆုံး ရေချိုအိုင် ဖြစ်ပါတယ်။ 

ယူနိုက်တက်ကင်းဒမ်း မှ ဝိတိုရိယဘုရင်မ၏အမည်ကို အစွဲပြုပြီး ဝိတိုရိယနီယန်ဇာ သို့မဟုတ် ဝိတိုရိယအိုင်ဟု ခေါ်တွင်ခဲ့ပါတယ်။ ဒီအိုင်ကြီးဟာ ယူဂန်းဒါးနိုင်ငံ၊ တန်ဂန်ယီးကနိုင်ငံနှင့် ကင်ညာနိုင်ငံ အသီးအသီးအတွင်းမှာ တစ်စိတ်တစ်ဒေသစီ ကျရောက်လျက်ရှိပြီး အလျား ၂၅၅ မိုင်ကျော်၊ အနံ ၁၅၅ မိုင်ခန့်ရှိ၍ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင်၂၆,၆ဝဝ (၆၈,၈၀၀ စတုရန်း ကီလိုမီတာ) ခန့်ရှိပါတယ်။ အာဖရိကရှိ ဧရိယာ အကျယ်ဆုံးသော ရေကန် ဖြစ်ပြီး  

ကမ္ဘာပေါ်ရှိ အပူပိုင်းဒေသ ရေကန်များတွင် အကြီးဆုံး ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာပေါ်ရှိ ဒုတိယမြောက် အကြီးဆုံးသော ရေချိုရေကန် ဖြစ်ပြီး ရေထုထည်အားဖြင့် ကြည့်မည် ဆိုပါက ဝိတိုရိယရေကန်ဟာ ကမ္ဘာပေါ်ရှိ တိုက်ကြီးများပေါ်တွင် ရှိသော ရေကန်များတွင် အဌမနေရာတွင် ရှိပြီး ရေထုထည် ၂.၂ ဘီလီယံ ဧက-ပေ (၂,၇၅၀ ကုဗ ကီလိုမီတာ) မျှ ရှိကာ ပင်လယ်ရေပြင်ထက် ပေပေါင်း ၃,၇၂၆ မြင့်သော ကုန်းပေါ်၌ တည်ရှိပါတယ်။ 

Source : wikipedia 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။