တမ်လို့အမည်ပေးထားတဲ့ ဆူမားတြားကြံထီးကြီးကတော့ လက်ရှိအချိန်မှာဆိုရင် အသက် ၃၀ အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။

၎င်းကြံကြီးဟာ ၂၀၀၈ ခုနှစ်မှာဖမ်းဆီးခံခဲ့ရထဲကနေ အခုချိန်ထိ မလေးရှားနိုင်ငံ ဘော်နီယိုကျွန်းက ဆာဘာပြည်နယ်အတွင်း သားရိုင်းတိရစ္ဆာန် စောင့်ရှောက်ရေး ကြိုးဝိုင်းသစ်တောထဲမှာ နေနေခဲ့တာပဲဖြစ်ပါတယ်။

ဆူမားတြားကြံ့မျိုးစိတ်ဟာဆိုရင်လည်း လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ထဲက မျိုးသုဉ်းသွားခဲ့ပြီဖြစ်ပြီး တမ်ဟာ နောက်ဆုံးကျန်ရှိတဲ့ ဆူမားတြားကြံ့မျိုးနွယ်ပဲဖြစ်ပါတယ်။

ဆူမားတြားကြံ့မျိုးစိတ်ဟာဆိုရင်လည်း တစ်ကမ္ဘာလုံးမှာမှ အကောင် ၃၀ ကနေ ၈၀ကြားသာရှိတော့တဲ့ မျိုးသုဉ်းပြောက်ကွယ်လုနီးပါး ကြံ့မျိုးစိတ်တစ်ခုပဲဖြစ်ပါတယ်။

ဒါ့အပြင် ၎င်းဆူမားတြားကြံ့မျိုးစိတ်ဟာ ကြံ့မျိုးနွယ်ဝင်တွေထဲက အသေးဆုံးဖြစ်ပြီး ၂၀၁၅ ခုနှစ်ထဲက တောထဲမှာ မျိုးသုဉ်းသွားပြီးလို့ ကြေညာခံထားရတဲ့ ကြံ့မျိုးစိတ်ပဲဖြစ်ပါတယ်။

လက်ရှိမလေးရှားနိုင်ငံမှာ နေထိုင်နေတဲ့ ဆူမားတြားကြံ့မျိုးစိတ် တမ်ဟာဆိုရင်လည်း ကျန်းမာရေးချို့တဲ့မှုကို ခံစားနေရတာကြောင့် တာဝန်ရှိသူတွေက ကြိုးစားကယ်တင်ဖို့ ကြိုးစားနေခဲ့တဲ့ ကြာနေပြီပဲဖြစ်ပါတယ်။

သို့ပေမယ့် တာဝန်ရှိသူတွေ ကြိုးစားကယ်တင်နေရင်းကနေပဲ ၎င်းဆူမားတြားကြံ့ကြီးတမ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက သေဆုံးသွားခဲ့ရပြီပဲဖြစ်ပါတယ်လို့ သိရပါတယ်။

Source – The Star Online

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။