ယူရိုပါလဒ်နောက်ဆုံးဗိုလ်လုပွဲကိုတော့ဒီနေ့ည၁နာရီခွဲမနက်ဖြန်မနက်အစောပိုင်းမှာယှဉ်ပြိုင်ကစားတော့မှာဖြစ်ပါတယ်။ဒီနှစ်ဖိုင်နယ်ပွဲကတော့တစ်ခြားပွဲတွေနဲ့မတူပဲအင်္ဂလန်နှစ်သင်းဖြစ်တဲ့လန်ဒန်ကလပ်ချယ်လ်ဆီးနဲ့အာဆင်နယ်တို့ယှဉ်ပြိုင်ကစားရတော့မှာဖြစ်ပါတယ်။ဝင်ရောက်ယှဉ်ပြိုင်တဲ့အသင်းတွေများကြီးထဲကမှခုလို ALL ENGLISH FINAL ပွဲကတော့သမိုင်းဝင်ပွဲတစ်ပွဲဖြစ်ခဲ့ရပါတယ်။

ဒီနှစ်သင်းလုံးကတော့အမှတ်ပေးပွဲတွေမှာရလဒ်တွေမကောင်းပေမယ့်ယူရိုပါလဒ်မှာတော့ခြေစွမ်းပြပြီးနောက်ဆုံးဗိုလ်လုပွဲကိုတက်ရောက်လာတာပါ။ဒီနေ့ပွဲကတော့နှစ်သင်းလုံးအတွက်အရေးကြီးပေမယ့်အာဆင်နယ်အတွက်ကတော့ချန်ပီယံလိဒ်ဝင်ခွင့်တစ်နေရာအတွက်နောက်ဆုံးအချိန်ထိတိုက်ပွဲဝင်ရမှာပါ။ချယ်လ်ဆီးအသင်းကအမှတ်ပေးဇယားမှာအဆင့်၃နေရာရရှိခဲ့တာကြောင့်ချန်ပီယံလိဒ်ဝင်ခွင့်ရခဲ့သလိုအာဆင်နယ်အသင်းကတော့အမှတ်ပေးဇယားအဆင့်၅သာရခဲ့တာကြောင့်ဒီပွဲနိုင်မှသာချန်ပီယံလိဒ်ဝင်ခွင့်တစ်နေရာရရှိမှာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းကလည်းဥရောပဖလားတစ်လုံးယူပြီးအောင်ပွဲခံဖို့ကြိုးစားနေတာဖြစ်ပြီးအာဆင်နယ်အသင်းကလည်းဝင်ခွင့်တစ်နေရာအတွက်ကြိုးစားရမှာဖြစ်တာကြောင့်ဒီနေ့ပွဲကတော့ပရိသတ်တွေအတွက်ပွဲကောင်းတစ်ပွဲဖြစ်လာမှာပါ။လူစုံတက်စုံနဲ့နှစ်သင်းလုံးပွဲထွက်လာမှာဖြစ်တာကြောင့်လန်ဒန်နှစ်သင်းရဲ့အကြိတ်အနယ်အားပြိုင်မှုတွေကိုတော့စောင့်မျှော်ရင်းအားပေးကြဖို့တင်ဆက်ပေးလိုက်ရပါတယ်။

Photo:Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။