လူဆိုတာကတော့ ဘယ်နေ့ဘယ်လိုအချိန်မှာ ဘယ်လိုနည်းမျိုးနဲ့ သေဆုံးရမယ်ဆိုတာ အတိတ်ကံပါလာခဲ့ရင်တော့ ယခုဘဝမှာ ဘယ်လိုမှ ရှောင်လွှဲလို့ မရနိုင်ပါဘူး။

ညှင်ညှင်သာသာနဲ့ အသက်ထွက်သွားတဲ့ ကောင်းသောသေချင်းမျိုးဆိုရင်တော့ ကျန်ရှိခဲ့တဲ့မိသားစုအတွက် အနည်းငယ်ဖြေသာနိုင်ပေမယ့် အသေဆိုးမျိုးနဲ့ သေဆုံးသွားရမယ်ဆိုရင်တော့ ကျန်ရှိခဲ့တဲ့မိသားစုကို ပိုမိုခံစားရစေနိုင်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက Maui ကမ်းခြေမှာဆိုရင်လည်း အသက် ၆၅ နှစ်အရွယ်အမျိုးသားကြီးတစ်ဦးဟာ အတိတ်ကံကိုမလွန်ဆန်နိုင်ဘဲ ရေကူးရင်း ငါးမန်းကိုက်လို့ သေဆုံးသွားခဲ့ရပါတယ်။

Thomas Smiley လို့၎င်းအမျိုးသားကို ငါးမန်းဆွဲသွားကို မြင်တွေ့လိုက်သူရှိတာကြောင့် တာဝန်ရှိသူတွေကိုခေါ်ပြီး အလျင်အမြန်သွားရောက်ကယ်တင်ကြပေမယ့် ကံမကောင်းစွာနဲ့ပဲ ၎င်းအမျိုးသားကြီးဟာ ငါးမန်းကိုက်တဲ့ဒဏ်ကြောင့် အသက်ဆက်မရှင်နိုင်ခဲ့ပါဘူး။

သိသိချင်း သွားရောက်ကယ်တင်တဲ့သူတွေရှိပါရက်နဲ့တောင် အသက်မမှီနိုင်ဘဲ အတိတ်ကပါလာတဲ့ကံတရားအတိုင်း သေဆုံးသွားရတဲ့ ၎င်းအမျိုးသားကြီးရဲ့ မိသားစုဝင်တွေကတော့ အရမ်းကြေကွဲခံစားခဲ့ကြရတယ်လို့ သိရပါတယ်။

source - Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။