အဓိကကစားသမားတွေထွက်ခွာမယ်ဆိုပြီးသတင်းတွေထွက်နေတဲ့မန်ယူအသင်းကတော့ခုမှာအသင်းရဲ့တိုက်စစ်ကစားသမားလူကာကူကတော့အသင်းပြောင်းတော့မှာသေချာသလောက်ရှိနေပြီဖြစ်ပါတယ်။မန်ယူအသင်းမှာခြေစွမ်းပြပြီးအရေးပါတဲ့သွင်းဂိုးတွေကိုသွင်းယူပေးနေတဲ့အဆိုပါကစားသမားကိုတော့အီတလီထိပ်သီးအင်တာမီလန်ကခေါ်ယူမှာဖြစ်ပြီးမကြာခင်အပြောင်းအရွေ့တွေဖြစ်လာနိုင်ပါတယ်။

တိုက်စစ်ကစားကောင်းတွေရှားနေတဲ့မန်ချက်စတာယူနိုက်တက်အတွက်တော့လူကာကူထွက်ခွာတာဟာအသင်းအတွက်တော့ထိခိုက်ဆုံးရှုံးမှုတစ်ခုနဲ့ကြုံခဲ့ရတာဖြစ်ပါတယ်။အင်တာမီလန်အသင်းကလည်းလာမယ့်ရာသီချန်ပီယံလိဒ်ကစားရမှာဖြစ်တာကြောင့်တိုက်စစ်မှူးကောင်းတစ်ယောက်လိုနေတာဖြစ်ပြီးခုလူကာကူနဲ့သာအပြောင်းအရွေ့ဖြစ်ခဲ့ရင်တော့အသင်းအတွက်အကောင်းဆုံးကစားသမားဖြည့်တင်းနိုင်မှာပါ။

မန်ယူအသင်းဟာတစ်ခြားအသင်းရဲ့အရေးပါတဲ့ကစားသမားတွေကိုလည်းဆုံးရှုံးရဖွယ်ရှိနေပြီးထိုကစားသမားတွေနေရာမှာလူငယ်ခြေတက်ကစားသမားတွေနဲ့အစားထိုးဖို့ကြိုးစားနေတာကြောင့်ကစားသမားတွေကိုဝယ်ယူနေတာပါ။လူကာကူကတော့အီတလီမှာခြေစွမ်းပြနိုင်မလားဆိုတာလည်းစိတ်ဝင်စားစရာဖြစ်ပြီးပထမဆုံးစိန်ခေါ်မှုအသစ်တွေကိုရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

SOURCE:GOOGLE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။