ရန်ကုန်သင်္ကြန်..

မန္တလေးသင်္ကြန်…

နေပြည်တော်သင်္ကြန်..

အစရှိတဲ့ သင်္ကြန်တွေကနေ …သင်္ကြန်ပွဲတော်ရက်အတွင်းမှာ….ပျော်ရွှင်ကြည်နူးကြပါစေ..

သင်္ကြန်ဆိုတော့…ပျော်ကြရွှင်ကြ…ပျော်မြူးကြဆိုတော့က…မဖြစ်သင့်တာလေးတွေမဖြစ်ရအောင်

သတိပေးပြောကြားလိုက်ပါတယ်..အခုလိုသင်္ကြန်ကယလနဲ့ပက်သတ်ပြီးတော့

ဆရာဒေါက်တာတင့်ဆွေက “ အမျိုးသမီး-မိန်းကလေးတွေ သတိပေးပါရစေ” ဆိုပြီး အမှာစကားဆိုထားပါတယ်။

ဖေ့စ်ဘွတ်မှာတင်ကြတဲ့ တရုပ်ကလာတယ်ဆိုတဲ့ အမျိုးသမီးတွေကိုစိတ်ဆွဲဆောင်မှုပေးတဲ့ဆေးကို ဝက်ဆိုက်မှာ ဒီလို ဖတ်ရပါတယ်။ 

西班牙 insect powder (new) အင်းဆက်မှုံ့ (အသစ်)၊ ဂျပန်အမည် Fukuyama insect powder (new) ဖူကူယားမား အင်းဆက်မှုံ့ (အသစ်)၊ တရုပ်အမည် 西班牙 insect powder အင်းဆက်မှုံ့၊ Herbal medicine monopoly Bureau herbal medicine sales - an aphrodisiac for women အမျိုးသမီး လိင်စိတ်ကဲစေတဲ့ ဟာဗယ်ဆေးလို့ရေးထားပါတယ်။

Xibanya Kunchongfen ဇီဘန်းယာကွန်ချူးဖန်၊ ဆေးထဲမှာပါတာက Spain medical herbal extracts, herbal medicine စပိန်ဟာဗယ်ဆေး၊ တရုပ် အိုင်ဝေဝေဇီဝကုမ္ပဏီလီမိတက်၊ ရှန်ဟဲဒန်ယန်း ကုမ္ပဏီလီမိတက်။

ဆေးကအရောင်မရှိ၊ အရသာမရှိ၊ ရေ-အရက်ထဲမှာပျော်ဝင်လွယ်တယ်။ ဆေးစွမ်း = ဆေးသောက်မိတဲ့အမျိုးသမီးသည် မိနစ်အနည်းငယ်အကြာမှာ မျက်နှာနီမြန်းလာမယ်၊ အသက်ရှူမြန်လာမယ်၊ မျက်လုံးက တပ်မက်သလိုဖြစ်လာမယ်၊ ရုတ်တရက် အလိုရှိစိတ်ဖြစ်လာမယ်။ ဖေ့စ်ဘွတ်မှာရေးဘို့မသင့်တဲ့အစွမ်းလို့ဆိုတာတွေလဲ ပါတယ်။

တခြားတိုင်းပြည်တွေကနေလာတဲ့ အလားတူဆေးမျိုးတွေရှိပါတယ်။ သတိထားကြဘို့သတိပေးပါရစေ။

ကဲချစ်ပရိသတ်ကြီးရေ..ပြင်လို့မရတဲ့ အမှားတွေ၊နောင်တတွေ မကြုံတွေ့ရလေအောင် သတိနဲ့အသိ ကပ်ပျော်ရွှင်ကြပါလို့ Admin ကစေတနာထားပြောကြားပါရစေ..

စစ်မှန်တဲ့အဖော်မွန်ကောင်းနဲ့ ဘဝကို လျှောက်လှမ်းနိုင်ပါစေ…

Source: ဒေါက်တာတင့်ဆွေ

AYK 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။