ချန်ပီယံလိဂ်မှာ အင်္ဂလန် ကလပ်တွေ ဖိုင်နယ်တက်ခဲ့သလိုပဲ ယူရိုပါလိဂ်မှာလည်း နောက်ထပ် အင်္ဂလန် နှစ်သင်း တက်ခဲ့ပြန်ပါတယ်။ ရေပန်းစားနေတဲ့ ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ ဖိုင်နယ်ကို တက်ခဲ့ကြတာပါ။ ချယ်လ်ဆီးနဲ့ ဖရန့်ဖတ်တို့ အကြိတ်အနယ် ကစားခဲ့ပြီး မိနစ်၉၀အထိ ၁ဂိုးစီ သရေကျနေခဲ့တာပဲဖြစ်ပါတယ်။  

အချိန်ပိုမှာ အရှုံးအနိုင် မပေါ်ခဲ့လို့ ပင်နယ်တီက အဆုံးဖြတ် ကန်ခဲ့ကြပြီး ချဲလ်စီးအသင်းက အနိုင်ရကာ ဗိုလ်လုပွဲတတ်ခဲ့တာပါ။ အာဆယ်နယ်ကတော့ ဗလင်စီယာကို အေးဆေးအနိုင်ယူပြီး ဗိုလ်လုပွဲကို တတ်လာခဲ့တာဖြစ်ပါတယ်။ ဒီဖလားကတော့ အာဆယ်နယ်အတွက် ချန်ပီယံလိဒ်ဝင်ခွင့်အတွက် အရမ်းကို အရေးကြီးနေခဲ့တာပဲဖြစ်ပါတယ်။  

ချဲလ်စီးနဲ့ ကစားမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲအတွက် အာဆယ်နယ်အသင်းနဲ့အတူ ဒဏ်ရာရရှိလို့အနားယူနေရတဲ့ရမ်ဆေးနဲ့ ဘယ်လာရင်

လိုက်ပါအားပေးမှာဖြစ်ပါတယ်။ချဲလ်စီးနဲ့ အာဆယ်နယ်အသင်းတို့ရဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲကို ယနေ့ည၂နာရီခွဲမှာ ယှဉ်ပြိုင်ကစားကြတော့မှာပဲဖြစ်ပါတယ်။

SOURCE: THE SUN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။