ယူကရိန်းသမ္မသစ် ဇေလန်စကီကတော့ ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့က စစ်ပွဲတွေဖြစ်ပွားနေတဲ့ နိုင်ငံအရှေ့ပိုင်း လူဟန့်စ်ဒေသကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။

လူးဟန့်စ်ဒေသကိုအရောက်မှာတော့ သမ္မတသစ်ဇေလန်စကီဟာ ၎င်းဒေသအတွင်းမှာရှိတဲ့ စစ်တပ်အခြေတိုက်စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်အခြေတိုက်စခန်းတွေကို အရောက်မှာတော့ သမ္မတသစ်ဇေလန်စကီဟာ ကတုတ်ကျင်းတွေတူးထားတဲ့ နေရာတွေကို ကြည့်ရှုလေ့လာခဲ့ပါတယ်။

ဒါ့အပြင် စစ်စခန်းမှာရှိတဲ့ စစ်သားတွေ ၊ အရာရှိတွေနဲ့လည်း တွေ့ဆုံပြီး နှုတ်ဆက်စကားတွေ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

သမ္မတဇေလန်စကီရဲ့ ယခုလိုသွားရောက်မှုဟာ သမ္မတရာထူးအပ်နှင်းပွဲတုန်းက ပြောကြားထားတဲ့ နိုင်ငံအရှေ့ပိုင်းမှာ အပစ်အခတ်ရပ်စဲရေး အောင်မြင်ဖို့ အဓိကကြိုးစားသွားမယ်ဆိုတဲ့ စကားနဲ့ သက်ဆိုင်နေကြောင်း သိရပါတယ်။

Source - Citynews

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။