ပညာရေးချို့တဲ့နေတဲ့ ဒေသတွေထဲမှာ ကချင်ပြည်နယ် အတွင်းရှိ ဒေသများစွာလည်း ပါဝင်လျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ ပညာရေးချို့တဲ့ ဒေသတွေကို လှူဒါန်းမှုတွေများစွာပြုလုပ်လေ့ရှိတာလည်းတွေ့ရပါတယ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မနေ့က နံနက်ပိုင်းမှာ အ.ထ.က(ဖားကန့်)၊ ပညာရတနာခန်းမအတွင်း ကျင်းပစဉ် မြို့နယ်အတွင်း စာသင်ကျောင်းများ၏ အခြေခံလိုအပ်ချက်များအားဖြည့်ဆည်းရန် အလှူရှင်များက စုစုပေါင်း ငွေကျပ်(၂၃၅၀၉၅၅၀၀၀)သိန်း(နှစ်ထောင့်သုံးရာ ငါးဆယ့်ကိုးသိန်းငါးသောင်းငါးထောင်)တိတိကို ကျေက်မျက်ကုမ္ပဏီများမှ သက်ဆိုင်ရာ ကျောင်းကော်မတီနှင့် ကျောင်းအုပ်ကြီးများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရပါတယ်။  

မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးထိန်လင်းက “ကျွန်တော်တို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌရဲ့လမ်းညွှန်မှုနဲ့ မြို့နယ်အတွင်း အမှန်တကယ်လိုအပ်ချက်ရှိနေတဲ့ကျောင်းတွေရဲ့ စာရင်းအချက်အလက်တွေကို စနစ်တကျစုစည်းထားနိုင်လို့ အလှူရှင်တွေအနေနဲ့ ဘယ်ကျောင်းကဖြင့် ဘာလိုအပ်နေတယ်ဆိုတာသိခဲ့ကြတာဖြစ်ပါတယ်။ အခုလို စာသင်ကျောင်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ အားတက်သရော လှူဒါန်း ထောက်ပံ့ခဲ့ကြတဲ့ အလှူရှင်များကို ကျေးဇူးတင်ကြောင်း" ပြောကြားခဲ့တာတွေ့ရပါတယ်။ အလှူရှင်များဖြစ်သည့် ကျောက်မျက်ကုမ္ပဏီများ၊ ကျောက်မျက်လုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်အလှူရှင်များက အချို့စာသင်ကျောင်းများ၏ ကျောင်းဆောင်ပြုပြင်ရေးလုပ်ငန်းများဆောင်ရွက်ရန်၊ ထပ်တိုးချဲ့ဆောင်များဆောက်လုပ်ရန်၊ ကျောင်းအဝင်လမ်းဆိုးသည့်ကျောင်းအတွက် လမ်းပြုပြင်ရန်၊ စားပွဲ၊ ထိုင်ခုံ၊ ကျောင်းသုံး စာရေးကိရိယာမှအစ လိုအပ်ချက်ရှိသည့် ကျောင်းများအား လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန် ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။  

နှစ်စဉ်မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့တိုင်း အလှူရှင်များက မြို့နယ်အတွင်း အခြေခံပညာစာသင်ကျောင်းများ၏ လိုအပ်ချက်များအား ကြည့်ရှုထောက်ပံ့လေ့ရှိတာတွေ့ရပါတယ်။ အခမ်းအနားသို့ အမှတ်(၃၃)တပ်မမှူး ဗိုလ်မှူးချုပ် နိုင်ဝင်းအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်နှင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေက်မျက်ကုမ္ပဏီများမှတာဝန်ရှိသူများ၊ ကျောက်မျက်လုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

source - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။