ချယ်လ်ဆီးအသင်းရဲ့အဓိကကစားသမားဖြစ်တဲ့ဟာဇက်ကတော့ဒီနှစ်ရာသီအပြီးမှာအသင်းကနေပြောင်းရွေ့တော့မှာဖြစ်ပါတယ်။ဟာဇက်ကိုရီးရဲမက်ဒရစ်အသင်းကခေါ်ယူဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ပြီးခုမှာတော့ကစားသမားကိုယ်တိုင်ကပြောင်းရွေ့ချင်တာဖြစ်တာကြောင့်အသင်းကလည်းပြောင်းရွေ့ဖို့သဘောတူလိုက်တာဖြစ်ပါတယ်။

ခုမှာတော့ဟာဇက်ဟာချယ်လ်ဆီးအသင်းနဲ့တူတူယူရိုပါလိဒ်ကစားဖို့လေ့ကျင့်ခန်းအစီစဉ်တွေပဲလုပ်ကိုင်နေတာဖြစ်ပါတယ်။ဒီယူရိုပါလိဒ်ပြိုင်ပွဲပြီးတာနဲ့နှစ်သင်းလုံးကတော့တစ်ခုခုထုတ်ပြန်လာတော့မှာဖြစ်ပါတယ်။ဒီနေ့ကစားမယ့်ချယ်လ်ဆီးအသင်းရဲ့ယူရိုပါလိဒ်ပြိုင်ပွဲကတော့ဟာဇက်အတွက်ချယ်လ်ဆီးအသင်းနဲ့တူတူကစားတဲ့နောက်ဆုံးပွဲဖြစ်လာတော့မှာပါ။

ရီးရဲအသင်းကတော့ဟာဇက်အတွက်ပြောင်းရွေ့ကြေးပေါင်သန်း၁၀၀ကျော်အသုံးပြုရဖွယ်ရှိနေပြီးကမ္ဘာ့ဈေးအကြီးဆုံးကစားသမားထဲကတစ်ယောက်ဖြစ်လာတော့မှာပါ။ချယ်လ်ဆီးပရိသတ်တွေကတော့ဟာဇက်ကိုအသင်းမှာပဲဆက်ရှိချင်နေတုန်းဖြစ်ပါတယ်။ချယ်လ်ဆီးအသင်းအတွက်နောက်ဆုံးအဖြစ်ကစားမယ့်ဒီနေ့ယူရိုပါလိဒ်ဗိုလ်လုပွဲမှာရောဟာဇက်အနေနဲ့ဘယ်လိုသွင်းဂိုးတွေနဲ့ပရိသတ်တွေကိုပျော်အောင်ဖန်တီးပေးနိုင်မလဲဆိုတာကတော့စိတ်ဝင်စားဖွယ်အားပေးကြပါဦးနော်။

SOURCE:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။