ပြည်တွင်း အားကစားကဏ္ဍမှာ အဓိကအရေးကြီးဆုံးလုပ်ဆောင်ချက်တစ်ခုဖြစ်တဲ့ ကျေးလက်ဒေသ အားကစားလူငယ်မျိုးဆက်သစ်မွေးထုတ်မှုကိုတော့ ယခုနောက်ပိုင်းပိုမိုလုပ်ဆောင်လာကြတာတွေ့ရပါတယ်။ တိုင်းဒေသကြီးအနှံ့အပြားမှာ ကျွမ်းကျင်ဝါသနာရှင်တွေကို လိုက်လံစုဆောင်းနေပြီး မျိုးဆက်သစ်အနာဂတ်အားကစားသမားများကို ရှာဖွေလျှက်ရှိပါတယ်။  

အဆိုပါ ရှာဖွေမှုတွေထဲမှာ ကွင်းကြီးကစားသမားများနှင့်အတူ ဖူဆယ်ကစားသမားရွေးချယ်မှုတွေကိုလည်း များစွာပြုလုပ်ခဲ့တာတွေ့ရပါတယ်။ ကရင်ပြည်နယ်အတွင်း ဖူဆယ်ဘောလုံး အားကစားသမား ကောင်းများ ပေါ်ထွက် လာစေရေးအတွက် ရည်ရွယ်ပြီး ၂၀၁၉ခုနှစ် ကရင်ပြည်နယ် အားကစားနှင့် ကာယပညာ ကော်မတီ ဥက္ကဋ္ဌဖလား အမျိုးသားအဆင့် အသက် (၂၅)နှစ်အောက် ဖိတ်ခေါ်ဖူဆယ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို မနေ့ နံနက် ၁၁ နာရီခွဲက ဘားအံမြို့ P&A ဖူဆယ် ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့တာတွေ့ရပါတယ်။  

အဆိုပါ အမျိုးသားအဆင့် အသက်(၂၅)နှစ်အောက် ဖိတ်ခေါ်ဖူဆယ် ဘောလုံးပြိုင်ပွဲတွင် အသင်း(၁၁)သင်းသည် မေလ(၂၁)ရက်နေ့မှ စတင်ကာ အုပ်စုပတ်လည်ပွဲစဉ်များဖြင့် ယှဉ်ပြိုင်ခဲ့ကြပြီး မနေ့က နောက်ဆုံး ဗိုလ်လုပွဲတွင် မြင့်မြတ်အသင်းနှင့် RAINBOW အသင်းတို့ ယှဉ်ပြိုင်ကစားကြကြောင်း သိရပါတယ်။ ၎င်းကစားပွဲတွင် ပထမဆုရရှိသော မြင့်မြတ်အသင်းနှင့် ဒုတိယဆု ရရှိသော RAINBOW အသင်းတို့အား ဆုလာဘ်နှင့် ငွေသားဆု၊ ပွဲစဉ် တစ်လျှောက် အကောင်းဆုံးဆု၊ အတိုးတက်ဆုံးဆု၊ ဂိုးသွင်းအများဆုံးနှင့် အကောင်းဆု၊ တစ်ဦးချင်း လည်ဆွဲဆုများကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြကြောင်း သိရပါတယ်။

source - MOI  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။