ဗြိတိသျှပိုင် အနောက်အိန္ဒိယကျွန်းစုတွင် ဂျမေးကားကျွန်းပြီးတဲ့နောက် နောက်ထပ် အခြားအကြီးဆုံးကျွန်းမှာ ထရီနီဒတ်ကျွန်းဖြစ်ပါတယ်။ အရှေ့မြောက်ဘက်၌ တိုဘက်ဂိုကျွန်းရှိပြီး ဒီကျွန်းဟာ ထရီနီဒက်နှင့် အုပ်ချုပ်ရေးသဘော၌ ရောနှော ပေါင်းစပ်ကာ ထရီနီဒတ်နှင့်တိုဘက်ဂိုနိုင်ငံ အဖြစ်ရှိနေတာပဲ ဖြစ်ပါတယ်။ ထရီနီဒတ်ကျွန်း၏ မြို့တော်ကတော့ ပို့အော့စပိန်လို့ခေါ်ပါတယ်။ ထရီနီဒတ်ကျွန်းဟာ ပူပြင်းစိုစွတ်သော ရာသီဥတုရှိပြီး မြေဩဇာကောင်းမွန်သောောကာင့် သကြား၊ ကိုကိုး၊ အုန်း၊ ရှောက်၊ လိမ္မော်နှင့် ဟင်းသီးဟင်းရွက်ကို စိုက်ပျိုးကြပါတယ်။  

ရေနံထွက်သဖြင့် ရေနံချက် သည့်လုပ်ငန်းသည် အရေးပါလှပြီး ရနံချေးအချို့ကို ဗင်နီဇွဲလားမှ တင်သွင်းတာပဲ ဖြစ်ပါတယ်။ ကျွန်း၏ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၁၈၆၄ မိုင်ခန့်ရှိပြီး တိုဘက်ဂိုကျွန်းမှာ စတုရန်းမိုင်ပေါင်း ၁၁၆ မိုင်ရှိပါတယ်။ လူဦးရေ ၁သန်း ၂သိန်းခန့်ရှိကာ တိုင်းရင်းသား လူဦးရေ ၃ ပုံ ၁ ပုံဟာ အင်္ဂလိပ်၊ ပြင်သစ်နှင့် စပိန်လူမျိုးများဖြစ်ကြပါတယ်။ဒီကျွန်းကို ရှေးဦးစွာ တွေ့ရှိခဲ့သူကတော့ ကိုလံဘတ်ပဲ ဖြစ်ပါတယ်။  

၁၇၉၇ ခုနှစ် အထိ စပိန် တို့၏ လက်အောက်ခံ ဖြစ်ခဲ့ပြီးနောက်၊ ဗြိတိသျှတို့က သိမ်းယူခဲ့ကာ ၁၈ဝ၂ ခုနှစ် အမီယန်မြို့တွင် ချုပ်ဆိုသော စာချုပ်အရ ဂရိတ်ဗြိတိန်ပိုင်ဖြစ်လာပါတယ်။ ၁၉၄၁ ခုနှစ်တွင် ကျွန်းပေါ်ရှိ ခံတပ်စခန်းများကို အမေရိကန်သို့ ၉၉ နှစ် အငှားစာချုပ်ဖြင့် ငှားရမ်းခဲ့တာပဲ ဖြစ်ပါတယ်။ ကျွန်းမှာ အများအားဖြင့် တောင်ထူထပ်ပေမယ့်လည်း အမြင့်ဆုံးသောတောင်မှာ ပေ ၃၁ဝဝ ကျော်မျှ သာမြင့်ပါတယ်။ ကျွန်း၏ အနောက်တောင်ဘက်တွင် ပစ်ချကတ္တရာအိုင်ကြီးရှိပြီး ဒီအိုင်ကြီးထဲကနေ ကတ္တရာစေးများရရှိနေပါသေးတယ်။ 

sOURCE : Wikipedia 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။