Annabelle ဆိုတဲ့ အရုပ်ကို ပရိသတ်ကြီး ကောင်းကောင်းသိရှိကြမှာပါ။ အဲ့အရုပ်မလေးဟာဆိုရင် ရုပ်ရှင်ကားထဲက မှာ တမင်ကြောက်ဖို့ကောင်းအောင် လုပ်ထားတာဖြစ်ပြီး တကယ်အပြင်လက်တွေ့ဘဝမှာတော့ ကလေးမလေးတွေ လိုချင်တဲ့ ချစ်ဖို့ကောင်းတဲ့ အရုပ်မလေးဖြစ်ပါတယ်။ သမိုင်းထဲမှာဆိုရင်တော့ Annabelle ဆိုတဲ့အရုပ်ဟာ Raggedy Ann ဖြစ်ပြီး အမေရိကန် စာရေးဆရာတစ်ယောက်က စိတ်ကူးဖန်တီးထားတာဖြစ်ပါတယ်။ ဒါပေမဲ့လဲ အဲ့အရုပ်ထဲကို ကလေးမလေးတစ်ယောက်ရဲ့ ဝိဉာဉ်က ဆိုးရွာတဲ့ ကိစ္စတစ်ခုကြောင့်ရောက်ရှိသွားခဲ့ပြီး အဲ့ကလေးမလေး နာမည်က Annabelle ပဲဖြစ်ပါတယ်။ 

Annabelle ကတော့ တကယ့်ကိုကြောက်ဖို့ကောင်းတဲ့ သရဲတစ်ကောင်ဖြစ်ကာ Ed နဲ့ Lorraine Warren တို့ သရဲမိစ္ဆာနှိမ်နှှု်းတဲ့ ဇနီးမောင်နှံက ထိန်းချုပ်ဖမ်းဆီးထားခဲ့တာဖြစ်ပါတယ်။ သူမကိုတော့ Connecticut,Monroe မှာရှိတဲ့ ပြတိုက်တစ်ခုကို အစီအရင်တွေနဲ့ ဖန်သေတ္တာထဲမှာ ထည့်သွင်းထားတာဖြစ်ပါတယ်။ Warren ရဲ့ပြောကြားချက်အရ ုပ်ဟာဆိုရင် ၁၉၆၈ခုနှစ်က Nurse ကျောင်းသူတစ်ယောက်ကပေးခဲ့တာဖြစ်ပြီး အဲ့အရုပ်မှာ ပုံမှန်မဟုတ်တဲ့ အချက်တွေရှိပြီး Annabelle ဆိုတဲ့ကလေးမလေးရဲ့ ဝိဉာဉ်ရှိနေတယ်ဆိုတာကိုပြောပြခဲ့ပါတယ်။ Nurse ကျော်ငးသူလေးကလဲ အရုပ်ကိုရရှိခဲ့တဲ့ အချိန်တုန်းက အခန်းဖော်တွေနဲ့အတူ သဘာဝဖြစ်စဉ် (သရဲခြောက်တာ) တွေကို လက်ခံဖို့ကြိုးစားပေမဲ့ အရမ်းကို ဆိုးရွားတဲ့အတွက်မခံနိုင်တာကို ပြောပြခဲ့ပါတယ်။ 

အဲ့အခန်းကိုတော့ Annabelle ရုပ်ရှင်ကားထဲမှာ ပရိသတ်ကြီး တွေ့ရှိရမှာဖြစ်ပါတယ်။ သူရဲ့အကြောင်းစေ့စေ့စပ်စပ်ကိုတော့ ရုပ်ရှင်ကြည့်လိုက်တာက ပိုမိုသိရှိစေမှာဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာတော့ Annabelle ဆိုတဲ့ကလေးမလေးတို့ မိသားစုက ဘုရားကျောင်းကအပြန် လမ်းမှာကားပျက်လို့ပြင်နေရင် ကလေးမလေးက ကားလမ်းပေါ်ရောက်သွားတဲ့ ပစ္စည်းကို ပြေးကောက်နေတဲ့ချိန် ကားတိုက်သွားတာဖြစ်ပါတယ်။ လက်ထဲမှာတော့ Raggedy Ann အရုပ်လေးကို ကိုင်ထားခဲ့ပါတယ်။ ခုဆိုရင်လဲ Annabelle : Come Home ကားဟာလဲ ဇွန်လ ၂၆ရက်နေ့မှာ ပြသတော့မှာမို့ မလွတ်တမ်း ကြည့်ရှူဖို့ တိုက်တွန်းလိုက်ပါတယ်။

Source : Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။