မြန်မာနေရှင်နယ်လိဒ်ပြိုင်ပွဲကြီးကိုကျင်းပလာတာကတော့၁၀စုနှစ်ကျော်ကြာလာခဲ့ပြီဖြစ်ပါတယ်။ဒီလိုနှစ်ပေါင်းများစွာကြာကျင်းပလာခဲ့တဲ့မြန်မာနေရှင်နယ်လိဒ်ကြီးကတော့ခုမှာကစားသမားကောင်းများစွာကိုလည်းမွေးထုတ်ပေးခဲ့ပြီးနိုင်ငံအတွက်လူငယ်ကစားသမားတွေနဲ့အောင်မြင်မှုတွေကိုရယူနိုင်နေပြီဖြစ်ပါတယ်။

ခုနောက်ပိုင်မှာလည်းထိုင်းပရီးမီးယားလဒ်ကလပ်တွေကိုကစားသများတွေတော်တော်များများကထွက်ကစားနေပြီဖြစ်ပါတယ်။မြန်မာနေရှင်နယ်လိဒ်ကလပ်တွေကလည်းခုနောက်ပိုင်းမှာပြိုင်ဆိုင်မှုပြင်းထန်လာပြီးအာရှပြိုင်ပွဲတွေကိုတောင်ဝင်ရောက်ယှဉ်ပြိုင်နေပြီဖြစ်ပါတယ်။မြန်မာနေရှင်နယ်လိဒ်မှာအအောင်မြင်ဆုံးလို့ပြောရမယ့်ရန်ကုန်ယူနိုက်တက်ကတော့အာရှပြိုင်ပွဲတွေကိုအများဆုံးဝင်ရောက်ယှဉ်ပြိုင်ရပြီးနိုင်ငံခြားကလပ်တွေတောင်လေးစားရတဲ့အသင်းဖြစ်ပါတယ်။

ခုမှာတော့မေလအတွက်အာရှကလပ်အဆင့်သတ်မှတ်ချက်တွေကိုထုတ်ပြန်ခဲ့ရာရန်ကုန်ယူနိုက်တက်အသင်းဟာအာရှမှာအဆင့်၇၃နေရာမှာရပ်တည်နေပြီးအာစီယံမှာတော့အဆင့်၈နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။ခုလိုအာစီယံထိပ်သီးကလပ်တွေနဲ့တူတူအဆင့်၁၀ထိရပ်တည်နေနိုင်တာကတော့မြန်မာကလပ်တွေထဲမှာတစ်ခုတည်းသောအသင်းပဲဖြစ်ပါတယ်။အာရှမှာသာမကအာစီယံမှာပါရလဒ်ကောင်းတွေနဲ့နိုင်ငံ့ဂုဏ်ဆောင်နေတဲ့ရန်ကုန်ယူနိုက်တက်အသင်းကိုလည်းအားပေးကြပါဦးနော်။

SOURCE:Asean Football News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။