လိုက်ဟဲဗီးဝိတ်တန်းရဲ့ အဓိကဖိုက်တာကြီးတွေဖြစ်တဲ့ NGALANI နဲ့ MACHADO တို့ကိုတော့ ပရိသတ်တွေရင်းရင်းနှီးနှီးသိကြမယ်ထင်ပါတယ်။ အောင်လအန်ဆန်းနဲ့ ထိုက်တိုက်တွေ့ဆုံဖူးသူတွေဖြစ်ပြီး One Championship (MMA) ပြိုင်ပွဲကြီးရဲ့ လူသိများဖိုက်တာတွေလည်းဖြစ်ပါတယ်။ လိုက်ဟဲဗီးဝိတ်တန်းရဲ့ ထိပ်တန်းစာရင်းဝင်ဖိုက်တာကြီးတွေဖြစ်ပြီး သာမာန်ဖိုက်တာတွေထက်ပိုမိုမာကြောတာလည်းတွေ့ရပါတယ်။  

အောင်လအန်ဆန်းကတော့ လိုက်ဟဲဗီးဝတ်တန်းကို ပထမဆုံး NGALANIနဲ့ စတင်ထိုးသတ်ခဲ့ပြီးနောက်မှာ ဘရာဇီးနိုင်ငံသားချန်ပီယံ MACHADO နဲ့ ထိုးသတ်ခဲ့ပြီး ချန်ပီယံဆုကိုလွှဲပြောင်းရယူနိုင်ခဲ့တာတွေ့ရပါတယ်။ မကြာသေးမီက အဆိုပါ လိုက်ဟဲဗီးဝိတ်ဖိုက်တာနှစ်ဦးဖြစ်တဲ့ NGALANI နဲ့ MACHADO တို့ရဲ့ ထိုးသတ်မှုပြိုင်ပွဲကို တွေ့မြင်ခဲ့ရပြီးမထင်ထားတဲ့ ရလဒ်တစ်ခုကိုဖြစ်ပေါ်စေခဲ့တာတွေ့ရပါတယ်။ 

ပြိုင်ပွဲအစမှာ နှစ်ဘက်အပြင်းအထန်တိုက်ခိုက်မှုတွေနဲ့ စတင်ခဲ့ပြီး ဒုတိယအချီ မိနစ်ပိုင်းမှာပဲ လိုက်ဟဲဗီးဝိတ်ချန်ပီယံဟောင်း MACHADO က ပြိုင်ဘက်ဖိုက်တာ NGALANIကို အလဲထိုးအနိုင်ယူခဲ့တာတွေ့ရပါတယ်။ အမိုက်စားပွဲတစ်ပွဲဖြစ်သလို ပရိသတ်အားပေးမှုများစွာရရှိခဲ့တဲ့ အဆိုပါ ပြိုင်ပွဲဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

vide0 - One Championship 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။