လူငယ်ပရိတ်သတ်တွေ များစွာ ရရှိပိုင်ဆိုင်ထားတဲ့ GFatt ဟာ

ချစ်သူဟောင်းနန်းမော်နဲ့ ပြတ်စဲလမ်းခွဲပြီးနောက်မှာ

မင်းသမီးလေးတစ်ယောက်နဲ့ ချစ်ကြိုက်နေတယ်ဆိုပြီး

သတင်းတွေထွက်လာခဲ့ပေမယ့် တရားဝင်ထုတ်ဖော်ပြောကြားထားခြင်းတော့မရှိသေးပါဘူး ။

ဒီသင်္ကြန်တွင်းကြီးမှာတော့ GFatt ဟာသူ့ရဲ့ နှလုံးသားရေးအခြေအနေကိုတစ်စွန်းတစ်စထုတ်ဖော်လာပါတယ် ။

" သူတောင်နေနိုင်သေးတာပဲ Gfatt ရာ မင်းကဘာဖြစ်နေတာလဲ " ဆိုတဲ့ စာလေးကို လူမှုကွန်ယက်ပေါ်တင်ပြီးတဲ့နောက်မှာ

အနုပညာရှင်မောင်နှမတွေက ဝိုင်းဝန်းနှစ်သိမ့်ပေးခဲ့ကြပါတယ် ။ ရဲရင့်အောင်ကလဲ သူ့ဆီလာခဲ့ဖို့ ဖိတ်ခေါ်သွားပါသေးတယ် ။

အချစ်ရေးကြောင့် စိတ်ညစ်နေပုံရတဲ့ GFatt ကိုဝိုင်းပြီးအားပေးလိုက်ကြပါဦးနော် ... ။

Source : GFatt  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။