တိရစ္ဆာန်တို့ကို အ‌ကောင်မပျက်ရ‌အောင် ‌ဆေးစီရင်ပြီး အ‌ခြောက်အတိုင်းထားတဲ့ပညာဟာဆိုရင် အင်္ဂလိပ်ဘာသာဖြင့် တက်စီဒါမီဟုခေါ်ကြပြီး ထိုအတတ်မှာ ၁၈ ရာစုနှစ်အတွင်းကမှ ‌ပေါ်‌ပေါက်လာခဲ့တာပဲ ဖြစ်ပါတယ်။ မူလက တိရစ္ဆာန်တို့၏ အ‌ရေခွံနှင့် ဦး‌ခေါင်း ‌ခြေလက်အင်္ဂါစသည်တို့ကို အိမ်တွင် အလှဆွဲချိပ်ထားရန်အတွက်ပဲ အသုံးပြုကြတာဖြစ်ပြီး နောက်ပိုင်းမှာ စူးစမ်း‌လေ့လာရန်အပြင် ပြတိုက်တွင် အလှထားရန်အတွက်လည်း ဒီအတတ်ပညာကို အသုံးပြုလာခဲ့ကြတာလည်း ဖြစ်ပါတယ်။ ပြုလုပ်ပုံကတော့ာ ‌ရေသတ္တဝါ ကုန်းသတ္တဝါတို့၏ အ‌ရေခွံများကို အ‌မွှေးအ‌တောင်၊ အ‌ကြေးခွံများ မပျက်‌စေဘဲ ခွာယူပြီး ကြာရှည်ခံ‌အောင် ‌ဆေးစိမ်ကာ အ‌ရေခွံအတွင်းသို့ ‌ကောက်ရိုးစသည့် အစာများသွင်းပြီး အ‌ခြောက်လှန်းထားပါတယ်။ ပြီးတဲ့အခါ ဆးစီရင်ပြီးသား အ‌ခြောက်‌ကောင်ဟာ မူလအသက်ရှိစဉ်က တိရစ္ဆာန်နှင့် အကြမ်းအားဖြင့် တူ‌နေပါတယ်။ 

နောက်ပိုင်းမှာတော့ ဒီပညာကို တဖြည်းဖြည်း တိုးတက်‌အောင် ပြုလုပ်ခဲ့ကြပြီးကြမ်းတမ်း‌သော အ‌ကောင်အဖြစ်မှ သဘာဝကျပြီး သက်ရှိတိရစ္ဆာန်နှင့် ခွဲခြားမရနိုင် ‌အောင် တူလှ‌သော ပုံတူများကို ‌ကောင်းစွာ ‌ဆေးစီရင်နိုင်ခဲ့‌တာပဲ ဖြစ်ပါတယ်။ ဒီလို အ‌ခြေအ‌နေမျိုးကို တိုးတက်‌အောင် ပြုပြင်ရခြင်းမှာ လွယ်ကူလှသည့်အလုပ် မဟုတ်ပဲ အနာတမီ‌ခေါ် ကိုယ်ခန္ဓာ၏ အ‌သွေးအသား၊ အရိုးအ‌ကြောတို့၏ တည်‌နေပုံ ပညာရပ်ကို ပါဏ‌ဗေဒ၊ ရုပ်လုံး‌ဖော် ‌ကျောက်ဆစ်ပန်းပုပညာ ပန်းချီပညာ၊ သား‌ရေနယ်ပညာ၊ ‌ဆေးဆိုးအတတ်များကို တတ်‌မြောက်ထားသူများသာ ထိုမျှ‌လောက်ကျနပြီး သဘာဝကျ‌သော အ‌ခြောက်‌ကောင်တို့ကို ပြုလုပ်နိုင်တာပဲ ဖြစ်ပါတယ်။ ဒီပညာမှာ အပိုင်းနှစ်ပိုင်းရှိပြီး ပထမအပိုင်းမှာ အ‌သေ‌ကောင်မှ အ‌ရေခွံကို မပျက်ဆီးရအောင် ဓားငယ် ကတ်‌ကြေးငယ်များဖြင့် ‌သေချာစွာ စိတ်ရှည်လက်ရှည် ခွာယူရခြင်းဖြစ်ပါတယ်။ ပြီးတဲ့နောက် ထိုအ‌ရေခွံကို နှစ်‌ပေါင်းမျာစွာ ခံ‌အောင်စင်ကြယ်စွာ ‌ဆေး‌ကြောပြီး အ‌ရေထဲသို့ ‌ဆေးဝင်‌အောင် စီရင်‌ပေးခြင်းဖြစ်‌ပါတယ်။ ဒုတိယပိုင်းမှာတော့ မူလတိရစ္ဆာန်တို့၏ နမူနာကို အ‌သေးစိတ် ကြည့်ရှု‌လေ့လာ မှတ်သားရ‌ပြီး 

ပထမဦးစွာ အ‌ခြောက်‌ဆေးစီရင်ရမယ့် တိရစ္ဆာန်၏ အချိုးအစားအတိုင်း မိမိတို့အလိုရှိရာ အ‌နေအထားကိုပြုပြင်ပြီး ‌ကြေးနန်းကြိုးများဖြင့် သတ္တဝါတို့၏ အရိုးစုကို ပြုလုပ်ရ‌ပါတယ်။ အရိုးစု‌ပေါ်သို့ ရွှံ့‌စေး‌ ၊ ပလပ်စတာ‌၊ စက္ကူ‌ပျော့၊ တစ်ခုခုဖြင့် ဖုံး‌ပေးရပါတယ်။ ကြွက်သားရှိ‌သော ‌နေရာများတွင် အဖုအထစ် ‌ပေါ်‌အောင်ပြုလုပ်‌ပေးရပြီး ပြလုပ်ပြီးဖြစ်‌သော ကိုယ်ထည်ပုံကြမ်း ‌ပေါ်သို့ ပြုပြီးထားပြီး‌သောအ‌ရေ ကိုအုပ်၍ တပ်ဆင်‌ပေးရပါတယ်။ မျက်စိနှင့်လျှာများကိုလည်း ပကတိအစစ်နှင့် တူ‌အောင် ပြုလုပ်ထည့်သွင်း‌ပေးရပါတယ်။ ဒီလိအြဆင့်ဆင့် ပြုလုပ်နိုင်မှသာ သက်ရှိတိရစ္ဆာန်တို့၏အ‌ကောင်‌ခြောက်များကို လုပ်ကိုင်နိုင်ကြ‌တောပဲ ဖြစ်ပါတယ်။ ယ‌နေ့ခေတ်မှာတော့ ထိုအတတ်တိုးတက်လာပုံမှာ ‌မြေတွင်းမှ တူး‌ဖော်ရရှိသည့် ‌ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်‌သော တိရစ္ဆာန် အ‌သေ‌ကောင်တို့ကို မူလသဏ္ဌာန်အတိုင်း ပြန်ဖြစ်‌အောင်ပြုလုပ်နိုင်ခြင်းပင်ဖြစ်ပါတယ်။ ထိုလုပ်ငန်းတွင် အထက်‌ဖော်ပြ ခဲ့‌သော ပညာရပ်များအပြင် ဘူမိ‌ဗေဒပညာနှင့် အီ‌ဗော်လျူးရှင်း ပညာရပ်များကိုပါ ကျွမ်းကျင်ဖို့လည်း လိုအပ်သေးတယ်လို့ သိရပါတယ်။  

Sourvce : wikipedia 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။